အကုန်လုံးကိုဖုန်းဆက်ခေါ်ပြီးတာနဲ့ အခန်းထဲကဆိုဖာပေါ်ခြေချိတ်ထိုင်ပြီးစောင့်နေလိုက်သည်။ ဂျောင်ဂုကိုကြည့်လိုက်တော့ သူ့ကိုကြည့်နေတာနဲ့ဆုံသည်။ မျက်လုံးဝိုင်းတွေ၊ နှာတံလုံးလုံး ပါးစပ်လုံးလုံးနဲ့ နောက်ဆုံးနှုတ်ခမ်းအောက်ကမှဲ့လေး။ ဂျောင်ဂုကအခုသေချာကြည့်မိတော့ ချစ်စရာကောင်းသားပဲ...ကြည့်နေရင်းတိတ်ဆိတ်နေတဲ့အခန်းထဲမှာ ဂွီ...ဆိုတဲ့အသံကရှင်းလင်းစွာထွက်ပေါ်လာသည်။ ထယ်ယောင်းရုတ်တရက်မို့အသံလာရာကိုဝေ့ကြည့်ရင်း ဂျောင်ဂုမျက်နှာနီရဲနေတာတွေ့လိုက်ရသည် မျက်လုံးတွေကလည်းမလုံမလဲနဲ့တောင်ကြည့်မြောက်ကြည့်... ခွီးးးးမျောက်ဖင်နီကြီးကျနေတာပဲ။ ၀မ်းဗိုက်ထဲကနေဆန်တက်လာတဲ့ရီချင်စိတ်ကိုအောင့်ထားတောင် ပခုံးတွေလှုပ်လာတဲ့အတွက် ဟိုဘက်လှည့်ကာခိုးရီရတော့သည်။
ခဏအကြာတံခါးကိုဒုန်းခနဲမြည်အောင်ဖွင့်ပြီး ရှေ့ဆုံးကနေ၀င်လာတဲ့ဂျီမင်...
ထယ်ယောင်းကိုမြင်တာနဲ့ ထယ်ယောင်းရှိတဲ့ဆိုဖာဆီကိုအမြန်လျှောက်လာပြီး ဘေးနားဝင်ထိုင်ကာ တစ်ကိုယ်လုံးကိုလှည့်ပတ်ပြီးစစ်ဆေးကာ ပါးစပ်ကလည်းအဆက်မပြတ်မေးနေသေးသည်မှာ သူ့ကလေးကျောင်းမှာအနိုင်ကျင့်ခံရလို့ကျောင်းအုပ်ကြီးရုံးခန်းထဲဒုန်းစိုင်းဝင်ကာ သောင်းကျန်းသောမအေကြီးကျလို့။"ထယ်ယောင်း ငါတို့ထယ်ယောင်းလေး ဘာဖြစ်သွားသေးလဲ"
"ငါဘာမှမဖြစ်ပါဘူးဂျီမင်ရာ..."
"ဘာမှမဖြစ်ရင်တော့တော်သေးတာပေါ့ ဒါနဲ့နမ်ဂျွန်းပြောတဲ့ဟာကဘယ်လိုကြီးလဲ ငါမရှင်းလို့"
"အေးလေ မင်းတို့နှစ်ယောက်ထပ်နေကြတာ ဘယ်လိုဖြစ်လို့လဲ"
ဟိုဆော့ကပါ သိချင်နေတဲ့မျက်လုံးတွေနဲ့... တခြားသူတွေကိုကြည့်လိုက်တော့လည်း တရားခံစစ်ချင်နေသလိုမျက်လုံးတွေနဲ့ သူနဲ့ဂျောင်ဂုကိုကြည့်နေကြတာ။ အထင်လွဲတာပါလို့ရှင်းပြပြန်တော့လည်းဘယ်လိုမှမယုံဘူးတဲ့...နမ်ဂျွန်းဆိုရင်ဘူးတစ်လုံးဆောင်ပြီးတော့ကိုငြင်းတာ။ ဗိုက်ဆာနေတာကိုမစားရသေးလို့စိတ်မရှည်ရတဲ့အထဲ ထယ်ယောင်းနဲ့ ပြန်တွဲနေတာလားဆိုပြီးတော့ဂျောင်ဂုကိုကပ်တိုးလေးလာမေးတဲ့ဆော့ဂျင်ကိုတောင် ခါးနာနာနဲ့ နားပန်တစ်ချက်အုပ်လိုက်ရသေး။ ထယ်ယောင်းလည်းအေးဆေးရှင်းပြနေတာကို မယုံကြလို့နောက်ဆုံးသူ့လက်နက်ကိုထုတ်သုံးရတော့သည်။
ESTÁS LEYENDO
Double E {Completed}
RomanceKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင်းက တကယ့်အာရုံပဲဂျောင်ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇