Part:36 [ FINAL]

4K 118 6
                                    

Unicode

ထယ်ယောင်းအကြံအိုက်နေသည်။ သူ့ကောင်လေးဆီလိုက်သွားမယ့်နေ့မှာမှ ဟိုဆော့က လက်ထပ်ပွဲတစ်ခုသွားမလို့ဟာ တစ်ယောက်တည်းမသွားချင်လို့ ဇွတ်ခေါ်နေသည်တဲ့။ ဂျီမင့်ကိုခေါ်သွားဆိုတော့လည်း ဟိုကအိပ်ယာတောင်မထသေး။ နေ့လည်၁၁နာရီလောက်ထိအိပ်နေနိုင်တဲ့ ဂျီမင့်ကိုလည်းလေးစားမိသည်။ မယုံလို့ဖုန်းခေါ်ကြည့်တော့ အသံကိုကဗလုံးဗထွေးနှင့်။
နောက်ဆုံးဘူတာက သူ့ဆီပဲဆိုက်တာကြောင့် ဆက်ငြင်းလို့မရတော့ပဲ လိုက်လာရတော့သည်။

တန်းတန်းမတ်မတ်မသွားပဲ အရစ်ရှည်သူဟိုဆော့က ထုံးစံအတိုင်း ဆိုင်ဝင်ပြီးပြင်ဆင်သေးသည်။ ငယ်ကတည်းက ဟိုဆော့ဒီလိုအကျင့်ရှိတာသိတာမို့ ဘယ်ခေါ်သွားသွား၊ ဘာလုပ်လုပ်ခံရတော့သည်။

"ဟိတ်ကောင် အကျီတော့မလဲတော့ဘူးလေကွာ...မင်းကိုယ်မင်းလည်းပြန်ကြည့်ဦး။ မဂ်လာဆောင်သွားမှာလား ရုပ်ရှင်သွားရိုက်မှာလား"

"သွားလဲစမ်းပါကွာ ပွဲသွားတက်တာ မင်းရဲ့ကုမ္ပဏီသွားနေကျsuitကြီးနဲ့ တက်စရာလား"

နောက်ဆုံးဘယ်လိုမှပြောမနိုင်တော့တာကြောင့် ဟိုဆော့ရွေးပေးတဲ့suitကိုလဲဝတ်လိုက်ပြီးပြန်ထွက်လာလိုက်သည်။ သမားရိုးကျsuitလိုမဟုတ်ပဲ အဖြူရောင်suitကိုမှ ပခုံးပေါ်ကနေအနောက်ကိုဖြာကျနေတဲ့ ဇာပါးတွေက တခမ်းတနားဆန်လွန်းလှသည်။ စိန်လိုပုံစံအသေးလေးတွေကို ကြိုးမျှင်တစ်ခုချင်းစီမှာ အသေးစိတ်ကျကျထည့်ထားပြီး ခါးနေရာမှာရစ်ပတ်စေတာမို့ ဝတ်စုံကိုပိုပြီးတန်ဖိုးမြင့်စေသည်။ ထိုဝတ်စုံကိုဝတ်ဆင်သူထယ်ယောင်းကလည်း အစကတည်းက fashionကိုဂရုစိုက်တတ်ပြီး နာမည်ကြီးကုမ္ပဏီတွေကတောင် လာရောက်ကမ်းလှမ်းတာခံရတဲ့ထိ ကိုယ်နေဟန်ထားတည်ကြည်ကာ ကျော့ရှင်းလွန်းတာမို့ အခုချိန်မှာလည်း အလှနတ်ဘုရားတစ်ပါး။ နေရခက်တာမျိုးလုံးဝမရှိပေမယ့် တစ်ခုပဲ...သူများမဂ်လာဆောင်သွားတာ ဒါကြီးကအိုဗာဖြစ်မနေဘူးလား။ မသိရင် အခုပဲRun wayလျှောက်တော့မှာလိုလိုနဲ့ ။ အပြင်ကိုထွင်လာလိုက်တော့ ဖုန်းကိုသဲကြီးမဲကြီးကြည့်ကာ စာရိုက်နေတဲ့ဟိုဆော့ကသူ့ကို တစ်ချက်အကဲခတ်ပြီး

Double E {Completed}Donde viven las historias. Descúbrelo ahora