Part:30

1.6K 103 0
                                    

Unicode

classical တေးသွားငြိမ့်ငြိမ့်လေးနဲ့ အဖြူရောင်decorationတွေသာ သုံးထားတဲ့ကော်ဖီဆိုင်က အေးအေးဆေးဆေးနေရတာကြိုက်နှစ်သက်တဲ့သူတွေအတွက် အကြိုက်တွေ့မယ့်နေရာတစ်ခု...။

ဂျောင်ဂုက အရမ်းအေးအေးဆေးဆေးနေတတ်တဲ့သူမဟုတ်ပါဘူး...ဒါပေမယ့်အခု ဒီနေရာကိုရောက်နေတယ်။ အကြောင်းက သူ့ကိုလာတွေ့ပေးဖို့ပြောတဲ့လူတစ်ယောက်ကြောင့်ပင်...။

"အန်တီဘာလို့ လာတွေ့ခိုင်းလဲဆိုတာ သိလောက်တာမို့ အများကြီးမပြောချင်ဘူး"

"ရိပ်မိသလောက်ရှိပေမယ့် အကြောင်းအရင်းကိုလည်းမသိသလို အန်တီ့သဘောအတိုင်းလုပ်မပေးနိုင်ပါဘူး...အဲဒီအတွက်ကျွန်တော်က တောင်းပန်ပါတယ်"

စကားစပြောကတည်းက ထယ်ယောင်းအမေရှေ့မှာ အပြစ်သားတစ်ဦးလိုမျိုး ခေါင်းကိုငုံ့ထားမိတာ အခုထိပင်...။

"ဒါဆို အန်တီ့ဘက်ကရော အကြောင်းအရင်းကို သိခွင့်ရှိမလား"

"ဟုတ်ကဲ့ ရပါတယ် ကျွန်တော်ထယ်ယောင်းကိုချစ်လို့ လက်လွှတ်ဖို့လည်းလုံးဝမလုပ်နိုင်ပါဘူး အဲဒါကအကြောင်းအရင်းပဲအန်တီ"

"မင်းဟိုတစ်ခေါက်က သားထယ်ယောင်းကိုသစ္စာဖောက်ဖူးတာကရော...အန်တီတို့အနေနဲ့ အဲဒီကိစ္စကိုဒီတိုင်းကျော်သွားလို့မရဘူးလေ တကယ်တမ်းဆို ထယ်ယောင်းကို အန်တီတို့မိတ်ဆွေသမီးနဲ့စေ့စပ်ပေးမလို့ ဒါပေမယ့် သူကမင်းနဲ့ဆက်လျှောက်ချင်ပြီး သူ့ကိုယုံကြည်ပေးခိုင်းနေတယ်"

စကားတစ်လုံးချင်းစီတိုင်းကို ငြင်ငြင်သာသာနဲ့ပြောနေတဲ့ ထယ်ယောင်းအမေက ဂုဏ်သရေရှိမှန်းကြားတဲ့လူတိုင်းသိနိုင်သည်။ ဂျောင်ဂုကတော့ ထိုဂုဏ်သရေတွေကို တွေးတောမနေနိုင်ပဲ စေ့စပ်ပေးထားမလို့ဆိုတဲ့ စကားသံကိုကြားကြားချင်း ဘာမှထပ်မတွေးနိုင်တော့ပဲ လက်တွေပါတုန်ယင်လာကာ

"အဲ့လိုတော့မလုပ်ပါနဲ့အန်တီရယ်...ကျွန်တော်ဘယ်တုန်းကမှလည်း ထယ်ယောင်အပေါ်သစ္စာမဖောက်ဖူးပါဘူး...အဲဒါကအထင်လွဲတာပါ"

ထိုစကားကနေ အစချီပြီး အထင်လွဲခဲ့တဲ့ ကိစ္စတစ်ခုလုံးကို တုန်ယင်နေတဲ့အသံတွေအား အတတ်နိုင်ဆုံးထိန်းချုပ်ထားပြီး ရှင်းပြလိုက်သည်။

Double E {Completed}Where stories live. Discover now