ဂျောင်ဂု ကန်တင်းရောက်တော့ တန်းစီဖို့ကိုပျင်းရိနေလို့ ဆော့ဂျင်ကိုမျက်နှာချိုသွေးကာ သူ့အတွက်ပါ ယူခဲ့ခိုင်းရသည်။ ပွစိပွစိပြောပေမယ့် သွားတော့ယူပေးပါတယ်။ ဖုန်းသုံးနေရင်း ကျောင်းဖိုရမ်ထဲဝင်ကြည့်လိုက်တော့ ဂယက်တစ်ချိုကိုလည်းတွေ့ရသည်။ ဘာတဲ့ နတ်သမီး? စည်းမရှိကမ်းမရှိတဲ့ကျောင်းသူသစ်? အဖွဲ့နှစ်ဖွဲ့ကွဲနေပြီး warဖြစ်နေပုံရသည်။ ဘာတွေလဲ? အူကြောင်ကြောင်နဲ့။ ပိုတောင်ပျင်းသွားပြီး တခြားစိတ်ဝင်စားစရာလည်းမရှိတာမို့ ဖုန်းကိုပိတ်လိုက်ပြီး ဆော့ဂျင်တို့ကိုလှမ်းကြည့်တော့ တန်းစီနေတုန်း။ ထိုစဉ်ကန်တင်းထဲကိုဝင်လာတဲ့ ထယ်ယောင်းတို့အဖွဲ့၊ လက်ကိုမြှောက်ပြလိုက်တော့ သူ့ဆီလျှောက်လာကာ စားပွဲပေါ်လွယ်အိတ်တွေပစ်တင်ပြီး အပြေးအလွှား သွားတန်းစီနေကြပြန်သည်။ ခဏအကြာ ထယ်ယောင်းက စတော်ဘယ်ရီဖျော်ရည်တစ်ခွက်ကိုင်ပြီးပြန်ရောက်လာကာ သူ့ဘာသာထိုင်သောက်နေသည်။ အေးလေ ဖျော်ရည်ကတော့မြန်မှာပေါ့။
အဲဒီအချိန် ကန်တင်းထဲက ယောက်ျားလေးအများစုရဲ့ အော်ဟစ်သံတွေက ပွက်လောရိုက်ကုန်သည်။ သူနဲ့ထယ်ယောင်းတောင် တစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်ပြီး တစ်ချက်လောက်လှည့်ကြည့်ပေမယ့်လည်း ဘာမှထူးဆန်းတာမတွေ့။ ဒီဘက်ပြန်လှည့်လှည့်ချင်း တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေမိကြသည်။ တခြားဘက်ကိုလှည့်လိုက်ရမှာ ဆိုပေမယ့်လည်း ဘယ်သူ့ဘက်ကမှစပြီးအကြည့်မလွှဲဖြစ်။
*ဂွက်*
ဆော့ဂျင်က ဂျောင်ဂုပန်းကန်ကို ချပေးလိုက်တဲ့အသံကြားမှ ခပ်တည်တည်နဲ့အကြည့်ပြန်လွှဲလိုက်ကြသည်။ ထယ်ယောင်းကသူ့ဖျော်ရည်သူ ပိုက်နဲ့မွှေနေပြီး ဂျောင်ဂုကတော့ သူ့ထမင်းဗန်းသူဆွဲယူကာ အသားနဲ့အသီးအရွက်တွေကို သက်သက်စီ ခွဲနေသည်။ ဂျီမင်တို့ကပါ ထမင်းဗန်းလေးတွေကိုယ်စီကိုင်လာပြီး ကုန်းကုန်းကွကွပြေးလာကြသည်။
"ဘာဖြစ်လာတာလဲ"
"သူများတွေ ပွဲဖြစ်နေတုန်း အလှည့်ကျော်လာတာလေ"
"ဘာပွဲလဲ"
ထယ်ယောင်းက အအေးကိုပိုက်နဲ့တစ်ချက်စုပ်သောက်ကာ စတော်ဘယ်ရီလေးတွေကိုဝါးရင်း မေးလိုက်သည်။
YOU ARE READING
Double E {Completed}
RomanceKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင်းက တကယ့်အာရုံပဲဂျောင်ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇
