Lunch breakပြီးနောက် bellအသံနဲ့အတူ စာသင်ခန်းများမှာလည်း ကျောင်းသားကျောင်းသူတွေရဲ့ စကားပြောသံများ၊ စနောက်သံများ၊ ဆရာဆရာမတွေရဲ့ဆူပူသံများနှင့် ပြန်လည်အသက်ဝင်လျက်ရှိ၏။ တက္ကသိုလ်ဆိုပေမယ့်လည်း စည်းလွတ်ဝါးလွတ်တော့မဖြစ်သင့်ဘူးမလား ဆူသံပူသံတော့အနည်းနဲ့အများရှိစမြဲ...
ဆူပူခံရလည်း အပြူံးမပျက်သလို ဆရာဆရာမတွေကလည်း အတင်းဆူပူတာမျိုးမရှိ၊ လေသံအေးအေးနဲ့ပြောလို့မရဘူးဆိုရင်တော့ ကြမ်းပြီ...ဒါကလည်းဆယ်ကျော်သက်တွေရဲ့အမှတ်တရတွေ...ဘယ်လောက်ပဲ အတိတ်မှာဆူခံခဲ့ရပါစေ အချိန်တန်ရင်တော့ အဲ့ဒီအဖြစ်အပျက်တွေက စားမြူံ့ပြန်ပြီးပြန်ပြောလို့အကောင်းဆုံးအရာတွေ...
ထယ်ယောင်းလည်း စာထဲကိုစိတ်ဝင်စားလိုက် အာရုံကတစ်ချက်တစ်ချက်တခြားဟာဆီရောက်သွားလိုက်နဲ့ ဘေးဘက်ကိုကြည့်မိတော့...၀ါး...ဂျွန်ဂျောင်ဂုကမှောက်အိပ်နေတာများ ပါးစပ်ကြီးကိုဟလို့၊ ဘယ်လောက်ပဲစာထဲစိတ်မ၀င်စားနေပါစေ သင်နေတဲ့ဆရာပေါ်ကိုrespect တော့ရှိရမှာမဟုတ်ဘူးလား၊ စာအုပ်ကိုထောင်ထားပြီးမှအိပ်နေတော့ အရှေ့ကဆရာကမမြင်ရ၊ ထယ်ယောင်းကသာ ဘေးတိုက်အနေအထားမို့မြင်နေရခြင်း...ကြည့်နေရင်းခေါင်းထဲအကြံတစ်ခုကဖြတ်ခနဲပေါ်လာသည်။ ဟက်...ခံပေးဦးပေါ့ဂျောင်ဂုရာ
အတွေးနဲ့အလုပ်ညီစွာ ဘောင်းဘီအိတ်ကပ်ထဲကနေ ဖုန်းကိုအရင်ထုတ်ကာ ဆရာမမြင်အောင် ခိုးကြောင်ခိုးဝှက်နဲ့ အိပ်နေတဲ့ဟိုကောင့်ပုံကိုရိုက်လိုက်သည်...အဟွန်း နောက်ဆိုအသုံးဝင်လာမယ့်အချိန်ရှိမလာနိုင်ဘူးလို့ ဘယ်သူပြောနို်င်မှာလဲ။ အားရပါးရ ကြိုက်သလိုပုံတွေရိုက်ပြီးမှ ဂျီမင်စားထားတဲ့ချောကလက်အခွံကို ဂျီမင့်ခုံထဲကနေလှမ်းယူပြီး ချေလိုက်သည်...ခဲပတ်ဆိုတော့ချေလိုက်တာနဲ့ အချွန်လိုလိုဟာလေးတွေပေါ်လာသည် မပေါ်ပေါ်အောင်လည်းတမင်တကာချေတာ...
ပြီးတာနဲ့ သူ့ဘက်မျက်နှာကြီးပေးပြီးအိပ်နေတဲ့ဟိုကောင့်နှုတ်ခမ်းတည့်တည့်ကိုချိန်ပြီး လက်ညှိုးနဲ့အားပါပါတောက်ကာ ပစ်လွှတ်လိုက်သည်...ပစ်ပြီးပြီးချင်းပုံမှန်အေးစက်နေတဲ့မျက်နှာထားကိုပြန်ပြင်ဆင်လိုက်သည်။ ချက်ချင်းကိုအော်သံတစ်ခုက စာရှင်းနေတဲ့ဆရာ့အသံကလွဲတိတ်ဆိတ်နေတဲ့ အတန်းထဲ ဟိန်းခနဲပေါ်လာသည်...
YOU ARE READING
Double E {Completed}
RomanceKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင်းက တကယ့်အာရုံပဲဂျောင်ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇