Part:32

1.4K 84 0
                                    

Unicode

"လက်ထပ်ခွင့်တောင်းထားတယ်ဆိုသား"

"ဟုတ််တယ်မာမီ သူကလည်း လက်ခံတာမလို့ သားတို့နောက်လလောက် လက်ထပ်ကြမလားလို့လေ"

"ကောင်းပါတယ် နှစ်ယောက်လုံးလည်း ရင့်ကျက်တဲ့အရွယ်ရောက်နေကြပြီပဲ မာမီဂုဏ်ပြုပါတယ်"

"အာ...တကယ်တော့ သားထင်ထားတာက မာမီတို့သိပ်ပြီးသဘောမကျလောက်ဘူးလို့လေ"

ခေါင်းလေးကုတ်ကာဖြင့် ပြောနေတဲ့ သားဖြစ်သူကိုကြည့်ပြီး အချစ်ပိုရပြန်သည်။ ဘယ်လောက်ပဲ သားကလက်ထပ်တော့မယ်ပြောပြော သူ့မျက်လုံးထဲတော့ ဝက်ဝံပေါက်လေးသာ။

"မာမီက သားကောင်လေးကို မုန်းခဲ့တာမျိုးမဟုတ်ပါဘူးကွယ်...သားစိတ်ဒဏ်ရာထပ်ရမှာစိုးလို့ သဘောမကျခဲ့တာပါ  အခုတော့စိတ်ချပါပြီ"

မာမီ့ကိုပြုံးပြလိုက်ပြီး ဂျောင်ဂုအကြောင်းတွေးလိုက်တော့ ရင်ထဲသိမ့်ခနဲနွေးထွေးရသည်။ ညနေရောက်တော့ မာမီလည်း သူတို့အတွက် အရန်ဟင်းတွေလုပ်ပြီးပြန်သွားသည့်နောက် သူလည်းရေချိုးပြီး သပ်သပ်ရပ်ရပ်ပြင်ဆင်ကာ ဂျောင်ဂုကိုကြိုဖို့ထွက်လာလိုက်သည်။ လက်ထပ်ခွင့်တောင်းထားပေမယ့် ဂျောင်ဂုအဖေသဘောကို အခုထိမသိရသေး...ကိုယ်တိုင်သွားတွေ့ရဦးမှာမို့ စိတ်သာပြင်ဆင်ထားလိုက်တော့သည်။ နာရီဝက်လောက်မောင်းပြီး ဂျောင်ဂု ကုမ္ပဏီရှေ့ရောက်လာသည်။ ပါကင်ထိသွားမထိုးချင်တော့တာမို့ အရှေ့နားမှာပဲ ရပ်ခဲ့လိုက်ပြီး သူ့ကောင်လေးရှိရာအထပ်ကို တက်လာခဲ့လိုက်သည်။

ဘယ်သူ့မှဂရုမစိုက်တဲ့မျက်နှာ အေးစက်စက်နဲ့လျှောက်နေတော့ သူ့ကိုဝိုင်းကြည့်ကာ ဝန်ထမ်းတွေအချင်းချင်း ဘာတွေပြောနေကြမှန်းမသိ...ကြွက်စိကြွက်စိအသံတွေဖြင့်သာ...။ တစ်ချက်စိုက်ကြည့်ပေးလိုက်မှ တိတ်သွားကြသည်။ ဂျောင်ဂုရုံးခန်းရှေ့နားရောက်တော့ အငြင်းပွားနေသလို အသံတစ်ချို့ကြားရတာမို့ ဆက်လျှောက်သွားတော့ ဂျောင်ဂုအတွင်းရေးမှူးနဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေသည်။ အတွင်းရေးမှူးက တံခါးကို ကိုယ်နဲ့ပိတ်ထားပြီး ထိုမိန်းကလေးက အတင်းဝင်ချင်နေတဲ့ပုံနှင့်...။ ဘယ်လိုတောင်ပုံပျက်တာလဲ။

Double E {Completed}Donde viven las historias. Descúbrelo ahora