Part:35

1.7K 88 0
                                    

Unicode

"ပြီးတော့..."

"ဘာဆက်ဖြစ်လဲ"

*ဒေါက် ဒေါက်

စကားစတို့ပြတ်သွားရသည့်တရားခံ တံခါးခေါက်သံကြောင့် နှစ်ယောက်လုံးတံခါးကိုအကြည့်ရောက်နေတုန်း တံခါးကိုဖွင့်ကာ ဝင်ချလာတဲ့ နမ်ဂျွန်းနဲ့ဆော့ဂျင်။ သူတို့နှစ်ယောက်ကိုအတူတွေ့လိုက်ရတာကြောင့် အံသြပြီး အားနာသွားတဲ့ပုံနဲ့နမ်ဂျွန်းက တွန့်ဆုတ်တွန့်ဆုတ်လုပ်နေပေမယ့် ဆော့ဂျင်ကတော့ သူ့အိမ်သူ့ယာအတိုင်းဝင်လာပြီး ထယ်ယောင်းတို့အရှေ့ကဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်ကာ အမောဖြေနေတဲ့ပုံ။

"အမလေး မောတာကွာ ကုမ္ပဏီအောက်ထပ်မှာ သတင်းထောက်တွေချည်းပဲဂျောင်ဂုရေ ငါတို့တောင်မနည်းဖြတ်ဝင်လာရတာ"

နမ်ဂျွန်းကပါ ဆော့ဂျင်ဘေးနားဝင်ထိုင်ပြီးနောက်

"ဟုတ်တယ် ဘယ်လိုလုပ်မလဲ မင်း"

ဂျောင်ဂုကိုသာစကားပြောနေတာ။ လက်ကတော့ ဘယ်ကရလာမှန်းမသိတဲ့စာရွက်နဲ့ ဆော့ဂျင်ကိုယပ်ခတ်ပေးနေသည်။

"ဘယ်လိုလုပ်ရမှာလဲ ငါပဲဖြေရှင်းရမှာပေါ့"

"ဘယ်လိုတွေဖြစ်ကုန်တာလဲကွာ"

"ဟူး...ငါလည်းမသိခဲ့ဘူး"

ထယ်ယောင်းကဂျောင်ဂုလက်ကို ပိုမိုဆုပ်ကိုင်လိုက်ကာ အသံတိတ်အားပေးသည်။ ဂျောင်ဂုကလည်းနားလည်သယောင် ခေါင်းတစ်ချက်ညိတ်ပြပြီး မတ်တပ်ထရပ်သည်။

ကုမ္ပဏီအောက်ထပ်အထိ အကုန်လုံးဆင်းခဲ့ကြပြီး နမ်ဂျွန်းတို့ကတော့ အနောက်နားမြင်ရတဲ့တစ်နေရာမှာ ရပ်စောင့်နေခဲ့ကြသည်။ ဂျောင်ဂုလည်း သူ့ကိုမြင်တော့ ပိုမိုအုံကြွကာဆူညံလာတဲ့ သတင်းထောက်တွေဆီကိုခြေလှမ်းမှန်မှန်နဲ့သွားနေတုန်း နောက်ကခြေသံတစ်ခုကြောင့် ပြန်လှည့်ကြည့်မိတော့ သူ့ချစ်သူ ကင်ထယ်ယောင်း။ သူ့ကိုဆက်သွားဆိုတဲ့အမူအရာလုပ်ပြပြီး အနောက်ကနေ ထပ်ကြပ်မကွာလိုက်လာသည်။

ကင်မရာမီးရောင်တစ်ဖျတ်ဖျတ်၊ တစ်ယောက်တစ်ပေါက်မေးမြန်းသံတွေကို မသိကျိုးကျွံပြုထားကာ သူပြောချင်တာကိုပဲ တည်တည်ငြိမ်ငြိမ်ပြောလိုက်တော့သည်။ ဒီအချိန်မှာ ဘာကိုမှမထုတ်ပြန်လိုသေးကြောင်းနဲ့ ဒီပြဿနာက ကုမ္ပဏီကို အများအပြားထိခိုက်စေမှာမဟုတ်ကြောင်းပြောကာ ပြန်လှည့်ထွက်လာလိုက်သည်။

Double E {Completed}Where stories live. Discover now