Part:25

1.6K 104 3
                                    

Unicode

ဂျောင်ဂုခေါင်းထွက်ပြီးကြည့်လိုက်တဲ့အချိန် မျက်လုံးတစ်စုံနဲ့အကြည့်ချင်းဆုံသွားကာ လဲကျသွားတဲ့ခန္ဓာကိုယ်တစ်ခု...။

"ဘုတ်!"

"ဟာ...ဘာဖြစ်သွားတာလဲ ဂျောင်ဂု!"

ပုန်းခိုနေရာကနေ ပြေးထွက်သွားလိုက်ပြီး လဲကျနေတဲ့သူဆီကို ​​ပြေးသွားပြီး ခေါင်းကိုပြေးထူ၍ ပါးကိုပုတ်နှိုးလိုက်သော်လည်း သတိဝင်မလာသေးတာကြောင့် ထူပူကာ ဘာလုပ်ရမလဲမသိပြာယာခတ်နေရကာ ဆရာဝန်ပဲဖုန်းဆက်ခေါ်ရမှာလား ဆေးရုံပဲပို့ရမလား ဗျာများနေရသည်။

ပုတ်နှိုးနေတာက ကံကောင်းစွာနဲ့အလုပ်ဖြစ်သွားပြီး မျက်လုံးတို့ပွင့်လာပြီး သူ့ကိုတောင်ကြည့်နေသေးတာကို နောက်တစ်ကြိမ်သတိပြန်မေ့သွားပြန်သည်။ မဖြစ်တော့ဟုတွေးကာ ကျောပေါ်ကောက်တင်ရင်း ကားသော့ဆွဲပြီး ထွက်မယ်အလုပ် သူတို့ကွန်ဒိုထဲဝင်လာတဲ့ဂျီမင်....။

အဖြစ်အပျက်တွေကို သူလည်းအံသြသွားသည်ထင်...ကြောင်ကြည့်နေပြီး လက်ညှိုးတစ်ထိုးထိုးနှင့်

"ထယ်...ထယ်ယောင်းလား? ဟိုလူကရော ဘယ်သူလဲ?"

"သြော်...အရေးထဲဘာတွေမေးနေတာလဲ သူ့ကိုဆေးရုံပို့ရမယ် မြန်မြန်လုပ်"

"ဘာဖြစ်တာတုန်းကွာ လာလာ မြန်မြန် ငါမောင်းမယ်"

အရေးကြီးတာအရင်လုပ်ရမှာမို့ ကျန်တာတွေသိပ်ပြီးအာရုံမစိုက်နိုင်သေးပဲ အနီးစပ်ဆုံးဆေးရုံကိုမောင်းရသည်။ အရေးပေါ်ခန်းထဲထိ သွား ပွက်လောရိုက်ကာ သူတို့လူအရင်ကုခိုင်းလို့ ဆရာဝန်တွေနဲ့တောင် ရန်ဖြစ်လိုက်ရသေး...နောက်ဆုံး dutyအားနေတဲဆရာဝန်တစ်ယောက်က သူကြည့်ပေးမယ်ပြောလို့ အ​ဆင်ပြေသွားခြင်း...။

ကုတင်တစ်ခုပေါ်ကိုချခိုင်းကာ စမ်းသပ်စရာရှိတာစမ်းသပ်ပြီးနောက် နားကြပ်ကိုဖြုတ်ကာ

"စိုးရိမ်စရာတော့မရှိပါဘူး... တစ်နာရီအတွင်း သတိပြန်ရလာပါလိမ့်မယ်...ဒီညီလေးက အကြောက်လွန်ပြီးမေ့သွားတဲ့ပုံစံပဲ"

"ဗျာ အကြောက်လွန်တာလား"

"အင်းလေ ဒါနဲ့အကိုခုနကတည်းကမေးချင်နေတာ halloweenရောက်ဖို့နည်းနည်းလိုသေးသလားလို့"

Double E {Completed}Wo Geschichten leben. Entdecke jetzt