Part:33

1.4K 86 0
                                    

Unicode

"ရုပ်ရှင်ရုံဘက် အရင်သွားကြမယ်လေ။ ပြီးမှ တစ်ခုခုစားကြမယ်"

အဖွဲ့လူစုံတက်စုံ မဆုံတာကြာပြီမလို့ ဒီနေတော့ လျှောက်လည်ကြကာ အခုလည်း mallတစ်ခုမှာ ရုပ်ရှင်ကြည့်နေကြသည်။ တစ်ဖွဲ့လုံးပျော်ပျော်ရွှင်ရွှင်နဲ့ ဆူညံနေသလောက် ယွန်းဂီကတော့ ငြိမ်နေသည်။ ဒါက ထူးခြားတာမျိုးဖြစ်မသွားပေမယ့် သူ့စိတ်ထဲတစ်ခုခုကို အလိုမကျသလိုဖြစ်နေသည်။ စိတ်ထင်တာလားတော့မသိပေမယ့် သူတို့နောက်ကိုတစ်ယောက်ယောက် လိုက်ကြည့်နေသလိုခံစားနေရသည်။ ဘာလုပ်လုပ် သတိထားမိနေပြီး ပတ်ဝန်းကျင်ကိုလည်းမသိမသာ အကဲခတ်ရသေးသည်။ ယွန်းဂီအတွက်တော့ ဒီနေ့လျှောက်လည်ရတာ သိပ်ပြီးပျော်ဖို့ကောင်းမနေ။

ညနေစောင်းမှ လမ်းခွဲလိုက်ကြကာ အသီးသီးနှုတ်ဆက်လိုက်ကြပြီး ထယ်ယောင်းနဲ့ဂျောင်ဂုလည်း သူတို့အိမ်လေးရှိရာကို မောင်းနှင်လာလိုက်သည်။ နှစ်ဦးသား ပြုံးပြုံးရွှင်ရွှင်ဖြင့် လျှောက်လည်ခဲ့တာတွေကို ပြန်ပြောကြရင်း အေးအေးဆေးဆေးပင်။ လမ်းကွေ့တစ်နေရာအရောက် ကားကိုကွေ့လိုက်တဲ့ထယ်ယောင်းနဲ့ အတူတကွထွက်ပေါ်လာတဲ့ ဂျောင်ဂုရဲ့ ထိတ်လန့်တကြားအော်သံ။

"ထယ်ယောင်း!သတိထား!"

ကျွီ!!!

........................................................................
........................................................................

ကံမကောင်းစွာဖြင့် မီးပွိုင့်တစ်နေရာအရောက် တိမ်းမှောက်သွားသော ကားတစ်စီးနဲ့အတူ ကားထဲကလူနှစ်ယောက်မှာလည်း သတိလစ်မေ့မျောလျက်...။ အနီးနားကလူများမှာလည်း အထိတ်တလန့်ဖြစ်သူကဖြစ် ဆေးရုံကားခေါ်သူကခေါ်နှင့် အခြေအနေတွေက ရှုပ်ယှက်ခတ်နေသည်။

ပိုးသတ်ဆေးနံ့တို့နှင့် ပြည့်နှက်နေသည့် ဆေးရုံခန်းထဲသို့ပြေးဝင်လာသော Mr.Jeon...ရင်ထဲမှာလည်း စိုးရိမ်မှုတို့အပြည့်နှင့်....။ တံခါးကိုအမြန်ဖွင့်ပြီးဝင်လိုက်တော့ တစ်ကိုယ်လုံးပတ်တီးများစွာဖြင့် လှဲလျောင်းနေသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။ သတိလည်မလာသေးတာကြောင့် ဆရာဝန်ကိုအခြေအနေမေးရန် သွားဖို့အလုပ် အချိန်ကိုက်ဝင်လာတဲ့ တာဝန်ကျဆရာဝန်။

Double E {Completed}Where stories live. Discover now