Zawgyi
ထယ်ယောင်းတို့နဲ့ပြဿနာဖြစ်ပြီးသည့်နေ့နောက်ရက် ဟိုကောင်တွေကျောင်းပြောင်းသွားရသည်။ တစ်ဖွဲ့လုံးပြောင်းသွားရတာမို့လို့ ကျောင်းကလူတော်တော်များများက ထူးဆန်းနေကြပေမယ့် အကြောင်းရင်းကိုသိနေတဲ့ ထယ်ယောင်းတို့အုပ်စုနဲ့ ဂျောင်ဂုတို့အုပ်စုနဲ့ကတော့ မထူးဆန်း။ အင်း...၀န်ကြီးချူပ်အရှိန်အ၀ါကလည်းမသေးတာကို။ အဲ့လိုလူရဲ့သားကိုမှ ရန်သွားစတာလေ...ကျောင်းကိုအပြီးမထွက်လိုက်ရရင်တောင်ကံကောင်း။
သူတို့အနိုင်ကျင့်တာခံနေရတဲ့တခြားကျောင်းသားတွေအတွက်ကတော့ စိတ်အေးစရာပဲပေါ့။ အဲ့သတင်းကကျောင်းထဲမှာ ဂယက်ထအပြီး နောက်ထပ်သတင်းတစ်ခုကို ဆရာမဆီမှ ကြားလိုက်ကြရပြန်သည်။
ဆရာမက ခါတိုင်းလိုသူ့အတန်းချိန်ကိုစာသင်စရာရှိတာသင်၊ ငိုက်တဲ့လူတွေကလည်းငိုက်။ ဆရာမကထွက်ခါနီးမှ သူတို့အတွက်ထိုသတင်းကိုပြောပြသွားသည်။
*နောက်၂ပတ်နေရင် Fresher welcomeရှိတယ်* တဲ့။
ငိုက်နေတဲ့အုပ်စုက မျက်လုံးတွေပြူးကျယ်တောက်ပကုန်တာများ။
အင်း တောက်လည်းတောက်ချင်စရာ...အဲ့အချိန်က ဝေလေလေလုပ်လို့အကောင်းဆုံးအချိန်လေ။ စာလည်းသိပ်မသင်။ အားယားနေကြမှာကို။ နောက်တစ်ချိန်ကဆရာ မ၀င်တော့အားလပ်နေကြသည်။ ထယ်ယောင်းလည်းနားကြပ်တပ်ပြီး စားပွဲခုံပေါ်မှောက်အိပ်နေလိုက်တော့တယ်။ ဒီကျောင်းလာတက်ပြီးမှသိလိုက်ရတာက ဒီအတန်းကလူတွေ စကားသိပ်များကြတာပဲ။
ခဏနေတော့အတန်းပိုင်ကပါ ထိုအကြောင်းဝင်ပြောပြီး တချို့လူတွေက ကျပန်းအနေနဲ့လှုပ်ရှားမှုတစ်ခုခုမှာ ပါဝင်ရမှာဖြစ်ကြောင်းပါထည့်ပြောသွားသည်။ တချို့ကတော့အဲ့အတွက် စိတ်လှုပ်ရှားနေပေမယ့် သူတို့ကဒုတိယနှစ် စီနီယာတွေလေ...အဲ့လောက်ကြီးတက်ကြွနေဖို့လိုလို့လား။ ဒီနေ့တော့စာသင်တော့မှာမဟုတ်မယ့်အတူတူ စာကြည့်တိုက်ဘက်ကိုသာ ထယ်ယောင်းထွက်လာခဲ့တော့သည်။ အတန်းထဲအိပ်ရတာဆူညံနေပြီး အဆင်ပြေမနေပါ။
ဒါကြောင့် စာကြည့်တိုက်ကရွေးချယ်ဖို့အကောင်းဆုံးနေရာပဲလေ။ အခုကလည်း စာသင်ချိန်ဆိုတော့ အဲ့မှာလူတောင်ရှိမှာမဟုတ်။
KAMU SEDANG MEMBACA
Double E {Completed}
RomansaKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင်းက တကယ့်အာရုံပဲဂျောင်ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇
