Part:24

1.5K 104 0
                                    

Unicode

ရွာမှာနှစ်ရက်လောက်ထပ်နေပြီးသူတို့ မြို့ကိုပြန်လာကြတော့သည်။ အမှန်တိုင်းဆို ထယ်ယောင်းအတွက် ထိုနှစ်ရက်လေးကတောင် လွယ်ကူမနေပါ။ ဂျောင်ဂုကိုဝမ်းမနည်းစေရအောင်လို့ အာရုံအမြဲပြောင်းပေးနေရသည့်အပြင် သူ့ရဲအပြုအမူတွေကြောင့် ဂျီမင်နဲ့ဟိုဆော့တို့ရဲအကြည့်တွေကိုလည်းခံရသေးသည်။ ဒီကြားထဲ သူ့ကိုစိတ်ဝင်စားဟန်ပြနေတဲ့မိန်းကလေးကိုလည်းစကားထပ်မပြောဖြစ်အောင် ပတ်ရှောင်နေရသည်...မျှော်လင့်ချက်အမှားတွေလည်းမပေးချင်တာလည်းပါတာပေါ့။ ရောက်တာနဲ့ သူတို့ကွန်ဒိုဆီကိုပဲမောင်းလိုက်ကာ ဂျောင်ဂုကိုဝင်ပို့လိုက်ပြီး သူ့မိဘတွေကိုမျက်နှာသွားပြကာ ပြန်ရောက်ကြောင်းပြော၍ တစ်ခါတည်းကွန်ဒိုမှာ ရက်ပိုင်းလောက်နေချင်တဲ့အကြောင်းပြောလိုက်တော့ သူ့မိဘတွေကခွင့်မပြုချင်ပြုချင်ဖြင့်သာ လက်ခံလိုက်သည်။ အခုမှခရီးကပြန်ရောက်တာကို ဘာလို့ကွန်ဒိုမှာသွားနေချင်တာလဲတဲ့လေ...အဲဒါကြောင့် တစ်ညတော့အိမ်မှာပဲအိပ်လိုက်ဖို့ဆုံးဖြတ်ကာ အပေါ်တက်ပြီးဂျောင်ဂုကို နောက်နေ့လာမည်ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။
ဂျောင်ဂုကလည်း အေးအေးဆေးဆေးဖြင့်သာရယ်မောကာ သူအဆင်ပြေကြောင်းပြန်ပြောလာသည်။

ညစာစားပြီးနောက် အိပ်ယာဝင်ချိန်တွင် သူဂျီမင်တို့ကိုအရင်ကအကြောင်းတွေပြန်ပြောဖို့ စဥ်းစားရတော့သည်။ အဖြစ်မှန်တွေသိသွားရင်တောင် ဂျောင်ဂုကိုခွင့်လွှတ်ကြပါ့မလားမသိချေ...။
အတွေးတွေနဲ့ညနက်ကာ သန်းခေါင်ကျော်မှအိပ်မောကျသွားတော့သည်။

မနက်အိပ်ယာထနောက်ကျတာမို့ မနက်စာစားချိန်သူတစ်ယောက်တည်းပဲကျန်တော့သည်။ တစ်ယောက်တည်းစားရမှာ အနည်းငယ်ပျင်းခြောက်ခြောက်နိုင်တာကြောင့် ကွန်ဒိုသွားရင်းတစ်ခါတည်းလမ်းမှာ တစ်ဆိုင်ဆိုင်ဝင်စားလိုက်ဖို့ဆုံးဖြတ်လိုက်ပြီး သူ့မိဘတွေကိုနှုတ်ဆက်ကာ ကိုယ်ပိုင်ကားလေးကိုတစ်ဖန်ပြန်လည်၍ ကွန်ဒိုရှိရာဦးတည်မောင်းနှင်လိုက်သည်။

စားသောက်ဆိုင်မှာအဆာပြေမုန့်ဝင်စားလိုက်ပြီးနောက် ကွန်ဒိုကိုရောက်တော့ မီးဖိုခန်းထဲမှာချက်ပြုတ်ပြီးအလုပ်ရှုပ်နေတဲ့ဂျောင်ဂုကိုတွေ့ရသည်။

Double E {Completed}Onde histórias criam vida. Descubra agora