ဂျောင်ဂုအိပ်နေရာကနေ အသိစိတ်ဝင်လာပြီး တစ်ကိုယ်လုံးညောင်းချိစွာနဲ့ မျက်လုံးတွေကိုအတင်းဖွင့်ရင်း အိပ်ယာပေါ်ကနေထထိုင်လိုက်ကာ မနေ့ကမှတ်ဥာဏ်တွေကိုrecallပြန်လုပ်မိသည်။ အာ မနေ့ကပြေးလွှားသောင်းကျန်းခဲ့တာပဲ...ဒီလောက်ညောင်းကိုက်နေတာအဆန်းမဟုတ်ပါဘူးလေ။ လန်းဆန်းပြီးညောင်းနေတာတွေပြေလျော့သွားအောင် ရေချိုးခန်းထဲဝင်ပြီးရေအေးအေးလေးနဲ့ချိုးဖို့စိတ်ကူးလိုက်သည်။ သူစဉ်းစားနေတုန်းရှိသေး ဆော့ဂျင်တို့ကပါထလာပြီး သူ့ထက်အရင်တစ်ယောက်ပြီးတစ်ယောက် ရေချိုးခန်းသုံးနေတာကိုအိပ်ရာပေါ်မှာထိုင်ပြီးပဲကြည့်နေလိုက်တော့သည်။
"အား...လန်းဆန်းသွားတာပဲ"
မူပိုပြနေသောအနှီသုံးယောက်ကိုမကြည်ကြည့်ဖြင့်တစ်ချက်ကြည့်လိုက်ပြီး
"မင်းတို့သုံးကောင် ပြီးပြီလား?ပြီးရင်ငါရေချိုးခန်းသုံးတော့မယ်"
"ပြီးပြီဟေ့ ပြီးပြီ။ ငါတော့ဗိုက်ဆာတယ် မင်းမြန်မြန်ချိုးကွာ"
အောင်မာ...အလှည့်လည်းကျော်သွားသေး လူကိုလည်းပြန်ဟစ်သေး။ ဆော့ဂျင်ပြောတော့ နောက်ကနှစ်ကောက်ကပါ သူ့ကိုခေါင်းညိတ်ပြလာကြသည်။
"မင်းတို့တောင် အကြာကြီးချိုးသေးတာပဲ ငါ့ကိုဘာကိစ္စနဲ့မြန်မြန်လုပ်ခိုင်းနေတာလဲ နိုးပါနော်"
"မင်းဘာသာမင်းသာ ရေချိုးပြီးနေခဲ့လိုက်တော့ ဒါဆိုလည်း။ ငါတို့ဘာသာသွားစားမယ်"
"အေး မျို! မျို! စားပိုးနင့်အောင်မျို့ခဲ့ကြ"
ပြောပြီးတာနဲ့ သဘက်ကိုကောက်ယူပြီးရေချိုးခန်းထဲဝင်ခဲ့လိုက်တော့သည်။ မဟုတ်ပဲစကားကြောဆက်ရှည်နေရင် ဟိုသုံးကောင်လည်းမနက်စာငတ်၊ သူလည်းရေဘယ်တော့မှချိုးရမယ်မှန်းမသိဘူး။ တံခါးမပိတ်ခင် သူ့ကိုမေတ္တာပို့သံလေးတွေကို ကြားလိုက်ရပါသေးတယ်...
"မိုက်ရိုင်းထွားကြိုင်းပုံများ"
"အေး!မင်းလည်းရေချိုးရင်းအငတ်နေခဲ့ ဟိတ်ကောင်"
ယွန်းဂီတို့အုပ်စု ဂျောင်ဂုကိုဝိုင်းကာမေတ္တာပို့ပြီးထမင်းစားဖို့အပြင်ထွက်လာလိုက်သည်။ ထမင်းစားဝိုင်းမှာဒီနေ့တော့ ခါတိုင်းလိုကိုရီးယားစတိုင်မဟုတ်ပဲ ဥရောပစတိုင်ခင်းကျင်းထားသည်။ မီနူးပြောင်းတာနေမယ်။
BINABASA MO ANG
Double E {Completed}
RomanceKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင်းက တကယ့်အာရုံပဲဂျောင်ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇
