Zawgyi
ကန်တင်းသို့ရောက်ပြီဆိုတာနှင့် ထယ်ယောင်းရဲ့မျက်နှာမှာအလိုလိုပြန်ပြီးအေးစက်သွားသည်။ သူ့ရဲ့နွေးထွေးတဲ့sideက သူချစ်တဲ့သူတွေဆီမှာပဲ ဖြစ်တည်ခြင်း။ အရင်ကတော့ ကိုယ်ကဒီလိုမဟုတ်...အင်း ကိုယ်ဒီလိုဖြစ်သွားရတဲ့အကြောင်းအရင်းတွေက ဦးနှောက်ထဲအစီအရီ...
'ဂျောင်ဂု မင်းကတကယ့်ကိုတကယ့်အာရုံ'
*ဟဲ့ ငါမြင်တာနင်တို့မြင်ကြလား အားးးအဆင် အဆင် ရိုးရိုးတောင်မဟုတ်ဘူး၃ယောက်တောင်*
*မြင်တယ် မြင်တယ် အဟိ ဒီလိုအချောလေးတွေနဲ့တွဲခွင့်ရရင်သေပျော်ပါပြီဟယ်*
*ငါကတော့ သင်္ဘောလုပ်ဖို့ အစီအစဉ်စတော့မယ်*
*အလယ်ကအချေရုပ်လေးနဲ့hyung အတွက်ဆို ငါပျော်ပျော်ကြီးကွေးပလိုက်မယ် ဟျောင့်တွေ*
တစ်ယောက်တစ်ပေါက်ပြောသံများဖြင့် ကန်တင်းတွင်ကြွက်စိကြွက်စိအသံတွေဖုံးလွှမ်းသွားတော့သည်။
' အင်း...ဒီစာသင်နှစ်က စိတ်ဝင်စားစရာတော့ကောင်းမယ့်ပုံပဲ '
အတွေးတစ်ချက်ကိုဖြတ်ခနဲတွေးလိုက်ပြီး ထယ်ယောင်းနှုတ်ခမ်းထောင့်စွန်းလေးအပေါ်ကိုအနည်းငယ်ကွေးတက်သွားသည်။ ထိုအပြူံးကိုမြင်လိုက်ရတဲ့သူတွေအတွက်ကတော့ မှင်သက်လျက် ပြိုင်တူတွေးမိလိုက်ကြသည်
*oh god ချောမောမှုက နတ်ဘုရားlevelပဲ*
တခြားသူတွေကိုအရေးတယူကြည့်မနေပဲ အစားအသောက်တွေယူကာ စားပွဲအလွတ်တစ်ခုတွင် သုံးယောက်သားထိုင်စားလိုက်ကြသည်။ ကျောင်း၏ဖိုရမ်တွင်တော့ ထိုကျောင်းသားသစ်တွေရဲ့ ပုံတွေနဲ့ ပလူပျံကာ ဂယက်ထနေကြတော့သည်။
တစ်ဖက်တွင်လည်း ဒေါသထွက်နေတဲ့ဂျောင်ဂုမှာ မျက်နှာကြီးသုန်မှုန်လျက် စာရေးခုံတွင်လက်တင်၍ ထိုင်နေသည်။ ကင်ထယ်ယောင်းက ဘယ်ကနေဘယ်လိုပြန်ရောက်လာတာလဲ ဒီကောင်ကU.Sမှာရှိနေရမှာမဟုတ်ဘူးလား အတိတ်ကအကြောင်းတစ်ချို့ကလည်း တွေးမိတိုင်းဒေါသထွက်ရမလို ၀မ်းပဲနည်းရမလိုနဲ့၊ ဘာဖြစ်ဖြစ် ဒီကောင်တောင် ငါ့ကိုဒီလိုတုန့်ပြန်နိုင်သေးတာပဲ ငါလည်းအတိတ်တွေကကောင်းခဲ့တာတွေထောက်စရာဘာအကြောင်းမှရှိမနေတော့ဘူး
DU LIEST GERADE
Double E {Completed}
RomantikKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင်းက တကယ့်အာရုံပဲဂျောင်ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇