Part:22

1.6K 112 1
                                    

Unicode

"ဗိုက်ဆာပြီလား ထယ်ယောင်း"

"ဘာလဲ ပြန်ဆင်းတော့မလို့လား"

"ဟားဟား ဆင်းစရာလားမင်းကလည်း ငါ့မှာအကုန်လုံးအဆင်သင့်ပါပါတယ်ကွ ဗိုက်ဆာရင်သာပြော"

"နည်းနည်းဆာနေပြီ"

"ဟင် ဒါဆိုခဏတော့စောင့်ဦး"

ပြောရင်းဆိုရင်းသူ့အိတ်ထဲကနေ ရေဘူးတွေ ဓာတ်ဘူးအသေးတွေအပြင် ခေါက်ဆွဲဘူးတွေပါ ထုတ်လာသည်။ တစ်ချိန်လုံးဒါတွေယူလာတာလား?

"မင်းဒါတွေကိုတစ်ချိန်လုံးသယ်လာတာလား"

"အေးလေ မဟုတ်ရင်ငါတို့နှစ်ယောက်လုံးဗိုက်ဆာနေမှာပေါ့"

ခေါက်ဆွဲဘူးတွေထဲ ရေနွေးလောင်းထည့်ကာ အဖုံးပြန်ပိတ်ရင်းပြောလာသည်။

"ဒီမှာ မင်ယွန်းဂီအိတ်ထဲက လိမ္မော်သီးတွေတောင်နည်းနည်းခိုးနှိုက်လာသေးတယ်"

သူများလိမ္မော်သီးခိုးလာတာကို ဂုဏ်ယူအပြုံးကြီးနဲ့ပြောနေပုံက ကလေးတစ်ယောက် သူ့သူငယ်ချင်းတွေကို အရုပ်အသစ်ကြွားနေသလို...။

စားသောက်နေကြရင်း ထယ်ယောင်းစိတ်ထဲသိချင်တာတစ်ခု ရှိတာမလို့မေးလိုက်သည်။

"ခုနက ငါ့ကိုဘာလို့အရင်စောင့်နေခိုင်းတာလဲ"

"အွန်?"

ခေါက်ဆွဲကိုငုံ့စားနေတဲ့အချိန်သူမေးလိုက်တော့ အွန် ဆိုတဲ့အသံလေးနဲ့ခေါင်းထောင်လာကာ ခေါက်ဆွဲကိုအရင်ဝါးစားပြီး အရည်ကိုဂွတ်ခနဲမော့သောက်လိုက်သေးသည်။

"အဲဒါက ဒီနေ့ငါက လူအများကြီးရှေ့မှာ ငါ့ကောင်လေးဆိုတာကို ထည့်ပြောမိသွားတယ်လေ..အဲ့ကတည်းက အာရုံစိုက်ခံနေရတော့ မင်းနဲ့အတူတူသွားတာမြင်ရင် မင်းကိုပါအထင်သေးသွားကြမှာစိုးလို့"

"အဲ့ကောင်လေးဆိုတာငါ့ကို​ပြောတာလား"

"အင်းလေ ငါ့မှာအရင်ကတည်းက မင်းပဲရှိတဲ့ဟာကို"

သူ့ခေါက်ဆွဲသူပြောစရာရှိတာပြောပြီးဆက်စားနေသည်။

ရှက်ကိုးရှက်ကန်းဖြစ်မနေကြပေမယ့် မျက်နှာတော့နည်းနည်းပူသည်။ ဒါပေမယ့်ဂျောင်ဂုပြောတာနားထောင်ပြီးတော့ နည်းနည်းတော့စိတ်ခုသွားသည်။ အခုထိလည်းလိမ်ညာနေတုန်းပဲ။

Double E {Completed}Donde viven las historias. Descúbrelo ahora