Unicode
ရွာသူကြီးရဲ့ဖိတ်ကြားခံရတာမို့ နောက်နေ့ကျသူတို့တွေ သူကြီးအိမ်ဝင်းထဲပြောင်းနေရသည်။ သုံးရက်လောက်ထပ်နေပြီးရင်ပြန်ရတော့မှာမလို့ ကိုယ့်အုပ်စုနဲ့ကိုယ် ပျော်စရာတွေအများကြီးကို အမှတ်တရဖြစ်အောင် လုပ်နေကြသည်။ ဘာမှအပြစ်ပြောစရာမရှိအောင် ကြည့်ကောင်းလှတဲ့ထယ်ယောင်းတို့အဖွဲ့ကတော့ အထင်ပေါ်ဆုံးမလို့ ရွာသူလေးတွေရဲ့အာရုံစိုက်ခြင်းကို အဓိကခံနေရသည်။ ရွာရဲ့အချောအလှလည်းဖြစ်၊ ရွာသူကြီးသမီးလည်းဖြစ်သူ ဟယ်ဝန်းကတော့ ထိုအရပ်ရှည်ရှည်နဲ့လူသားကို တွေ့ကတည်းကရင်ခုန်ခဲ့တာဖြစ်သည်။ မာနကြီးလွန်းပြီး သူ့ကိုလာကြိုက်တဲ့သူတွေကို အားမနာစတမ်းငြင်းလွှတ်ခဲ့သော်လည်း ထိုလူကိုစတွေ့တွေ့ချင်း စက်ဘီးတောင်ရပ်ပစ်ပြီး အကူအညီလိုလားတောင်သွားမေးမိသည်။ ဒါပေမယ့်သူ့ကိုမှတ်မိပုံမရတဲ့သူကြောင့် နည်းနည်းတော့ရင်ထဲခုနေမိသည်။ အခုလည်းရေချိုးပြီးထွက်လာတဲ့ပုံမလို့ ချဥ်းကပ်ရန်ကြိုးပမ်းလိုက်သည်။ ခါတိုင်းဆိုအနီးနားမှာ သူ့သူငယ်ချင်းတွေရှိနေတာမလို့ ချဥ်းကပ်ရန်မလွယ်ကူခဲ့။ လမ်းလျှောက်နေတာကို အရှေ့ကပိတ်ရပ်လိုက်တော့ ရေတစ်စက်စက်ကျနေသော ဆံပင်တို့နဲ့အတူ သူမကိုမော့ကြည့်လာတော့သည်။
"ဟို..ကျွန်မကိုမှတ်မိလားဟင်"
ခေါင်းရမ်းပြလာတဲ့သူကြောင့် မျှော်လင့်ထားတာတွေအကုန် သဲထဲရေသွန်ဖြစ်သွားရသည်။ ဒါပေမယ့် ပြန်လည်အားတင်းလိုက်ပြီး
"မနေ့က စက်ဘီးနဲ့တစ်ယောက်လေရှင်"
အဲဒီတော့မှ ခေါင်းညိတ်ပြလာကာ
"အာ မနေ့ကသုံးယောက်မလား? ဘာကိစ္စရှိလို့လဲမသိဘူး"
"ဟုတ် ကျွန်မက.."
ရုတ်တရက် သူမအသံကိုတခြားအသံတစ်ခုကဖုံးအုပ်သွားသည်။ ထယ်ယောင်းဟုအော်ခေါ်ကာ သူမတို့နားရပ်လာတဲ့ လူတစ်ယောက်။ ကောင်းကောင်းကြီးမြင်ဖူးတာပေါ့ဒီတစ်ယောက်ကို...။ အမြဲလိုလို သူရင်ခုန်နေတဲ့လူနားမှာရှိနေလို့ မနာလိုတောင်ဖြစ်မိသည်အထိ။
"ငါက မင်းသွားတာကြာနေလို့လာရှာတာ"
"အင်း ဒီမှာလေ မနေ့ကငါတို့ကိုကူညီရမလားလာမေးတဲ့ထဲက တစ်ယောက်တဲ့"

ESTÁS LEYENDO
Double E {Completed}
RomanceKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင္းက တကယ့္အာရံုပဲေဂ်ာင္ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇