Unicode
"sorryပါ ဂျောင်ဂုရာ အခုမှဇွတ်အတင်းလာခေါ်နေလို့"
"ရပါတယ် မင်းမိဘတွေခေါ်တာပဲကို အရင်သွားလိုက်ပါ...ပြီးမှငါနဲ့သွားမယ်လေနော်"
ဂျောင်ဂုနဲ့movie dateသွားလုပ်ဖို့ တိုင်ပင်ပြီး အကုန်ပြင်ဆင်ပြီးကာမှ ထယ်ယောင်းကိုဖုန်းဆက်ပြီး အိမ်ခဏလာဖို့ခေါ်တဲ့ မာမီကြောင့် အခက်တွေ့ရသည်။ ဂျောင်ဂုကတော့ အဆင်ပြေကြောင်းပြောနေပေမယ့် ဝမ်းနည်းမှုအရိပ်အယောင်တွေကို မျက်လုံးဝိုင်းတွေထဲတွေ့ရတာမို့ စိတ်မကောင်းဖြစ်မိသည်။ ဒါပေမယ့် မာမီကလည်းဘာအကြောင်းကြောင့် ခေါ်မှန်းမသိတာကြောင့် မသွားလိုက်ရင်လည်း အရေးကြီးကိစ္စဖြစ်နေမှာစိုးသည်။
"သွားလိုက်ပါထယ်ယောင်းရဲ့ ငါအဆင်ပြေပါတယ်ဆို ဒါပေမယ့် အစားထိုးတော့ပြန်dateပေးရမှာနော်"
"ဟုတ်ပါပြီ ဒါဆို ငါသွားလိုက်ဦးမယ်"
နဖူးပြင်ကိုခပ်ဖွဖွအနမ်းတစ်ချက်ပေးပြီး ကားသော့ဆွဲကာ သူ့အိမ်ဆီသို့...။
အိမ်ဝင်းထဲဝင်တဲ့လမ်းတစ်လျှောက် မရောက်တာကြာတော့ ငေးမောရင်းကားကိုဖြည်းဖြည်းမောင်းနှင်လာလိုက်သည်။ အရင်လိုပါပဲ...ခြံကနေ အိမ်ထဲမရောက်ခင်ထိ ကျယ်ပြန့်တဲ့ ပန်းခြံက ပန်းမျိုးစုံ၊ မြက်ခင်းစိမ်းစိမ်းနုနုလေးတွေနဲ့ အမြဲကိုမျက်လုံးအေးစေသည်။ အိမ်မှာဆို ထယ်ယောင်းအကြိုက်ဆုံးက ဒီပန်းခြံလေးလို့ပြောလို့ရသည်။ အိမ်ထဲဝင်လာတော့လည်း တောက်ပနေတဲ့မီးဆိုင်းကြီးတွေ...အိမ်ထဲဝင်ဝင်ချင်းမှာ ရေတံခွန်အသေးစားလေးနောက်ခံထားပြီး ထားရှိထားတဲ့ အဖြူရောင်စန္ဒယားကြီးကလည်း တောက်ပြောင်စွာနဲ့ အထက်တန်းဆန်မှုကိုပြသနေသည်။
"ဟော သားထယ်ယောင်း ပြန်ရောက်တာမာမီ့ကိုလည်းမပြောပဲ ဘာတွေရပ်ကြည့်နေတာလဲ"
"ဒီလိုပဲ ငေးမိသွားတာ ဒါနဲ့မာမီသားကိုခေါ်တာ ဘာဖြစ်လို့လဲ"
"အိမ်ပြန်မလာတာဘယ်လောက်တောင်ကြာနေပြီလဲ သားထယ်ရယ်...ပြီးတော့မာမီသားကို ပြောစရာရှိနေသေးတယ်"
"ပြောလေမာမီရဲ့"
"အမလေးတော် ခဏတော့ထိုင်ပြီးနားပါဦး အေးအေးဆေးဆေးပေါ့...နားပြီးရင် ထမင်းစားခန်းထဲလာခဲ့နော် မာမီမင်းအကြိုက်ဟင်းတွေချက်ထားတယ်"
YOU ARE READING
Double E {Completed}
RomanceKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင္းက တကယ့္အာရံုပဲေဂ်ာင္ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇