Zawgyi
ရေမိုးချိုးပြင်ဆင်ပြီးတာနဲ့ အနောက်တိုင်းဝတ်စုံကိုပါသပ်သပ်ရပ်ရပ်ဝတ်လိုက်ပြီး ဆံပင်တွေကိုနဖူးပေါ်အပြောင်လှန်တင်ကာ လက်ပတ်နာရီတစ်လုံးပါ ကောက်ပတ်လိုက်သည်။
မှန်အရှေ့ကိုယ့်ပုံရိပ်ကိုယ်ပြန်ကြည့်ရင်း စိတ်ကျေနပ်မှအခန်းထဲကထွက်လာပြီး အောက်ထပ်ကိုဆင်းလာလိုက်သည်။အောက်ထပ်မှာ notebookတစ်ခုနဲ့ စာရင်းတွေထိုင်ကြည့်နေတဲ့အဖေ...တကယ်ကိုအလုပ်မှအလုပ်ပဲ။ သူဆင်းလာတာမြင်တော့ ပိတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ
"ပြီးပြီလား ပြီးရင်သွားမယ်"
ဘာမှမပြောပဲ အနောက်ကနေသာ တိတ်တဆိတ်လိုက်ခဲ့လိုက်တော့သည်။ ကားအနောက်ခန်းထဲအတူဝင်ထိုင်ပြီး ပါတီရှိရာဆီသို့ထွက်လာခဲ့ကြသည်။
အ၀င်ဝကတည်းက cameraတွေက မီးရောင်တွေတဖြတ်ဖြတ်က စိတ်ရှုပ်စရာအတိ...ကားပေါ်ကဆင်းလိုက်ရင်း အဖေ့နောက်ကနေသာလိုက်သွားမိသည်။ ဒီလိုပွဲတွေလာရတာမကြိုက်ပါဘူးဆို...
သူတို့နောက်ကနေ လိုက်ဆင်းလာတာက ကင်ထယ်ယောင်းတို့မိသားစု...
အတင်းတွေဟန်လုပ်ပြူံးပြပြီးနေနေတာ အေးတိအေးစက်ကောင်က...
သူ့ထက်စာရင် ကိုယ်ကနည်းနည်းအသက်ဝင်အောင်ပြူံးတတ်သေးတယ်ဆိုရမယ်...ပါတီထဲဝင်ရောက်လာခဲ့ပြီး ၀ိုင်ခွက်ကိုယ်စီနဲ့ အစုလိုက်အစုလိုက် စကားပြောနေကြတာ...စိတ်ထဲပါတဲ့ချီးမွမ်းစကားတွေမှမဟုတ်တာ ဘယ်နေရာမှကိုပျော်စရာမကောင်း
ခဏအကြာ စင်မြင့်ထက်ကနေ ဥက္ကဌဂန်ရဲ့ အသံကmicrophoneကနေ လွင့်ပျံ့လာသည်။
*ကြွရောက်ပေးကြတဲ့ လူကြီးမင်းတို့ကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
ဒီနေ့ကတော့ ကျွန်တော်တို့Kang Groupရဲ့ ၃၀နှစ်ပြည့်ဖြစ်သလို ကျွန်တော်လည်းဆက်ခံသူကိုကြေငြာသွားမှာဖြစ်ပါတယ်...ဒါကတော့ ကျွန်တော့်ရဲ့သား Kang Daniel ဖြစ်ပြီးရှေ့လျှေုာက် ကျွန်တော်အနားယူတဲ့အချိန် သူကဆက်ခံသွားမှာဖြစ်ပါတယ်*လက်ခုပ်သံများ၊ ၀ိုင်ခွက်ကိုကိုယ်စီမြှောက်ကိုင်ကြကာ ဂုဏ်ယူကြောင်းပြောဆိုသံများက ပါတီထဲပျံ့လွင့်သွားသည်။ ပျင်းစရာအကောင်းဆုံးပါတီကြီး...စောက်ကျိုးနည်း အိမ်မှာအိပ်နေတာကတောင် အများကြီးကောင်းဦးမယ်...
STAI LEGGENDO
Double E {Completed}
Storie d'amoreKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင်းက တကယ့်အာရုံပဲဂျောင်ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇