Part:8

1.9K 144 3
                                    

Zawgyi

အိပ်နေရင်းကနေ အသိစိတ်ဝင်လာတော့ မျက်လုံးတွေကိုပြူးပြဲကာဖွင့်မိသည်။ ထထိုင်လိုက်ပြီးကိုယ့်ကိုကိုယ်ငုံ့ကြည့်လိုက်တော့ suitအပြည့်နဲ့...အားရှီး...ခေါင်းနောက်တယ်ဟ။ လက်ဖနောင့်နဲ့ နားထင်ကိုအသာအယာနှိပ်နယ်ရင်း ရေချိုးခန်းကိုတန်းဝင်လိုက်တော့သည်။

ကျောင်းဝတ်စုံတစ်ခါတည်းလဲလိုက်ပြီး မနက်စာတောင်မစားတော့ပဲ ကျောင်းကိုထွက်လာလိုက်သည်။ ကျောင်းတံခါးကဘာဖြစ်တာတုန်း...နောက်ကျလို့ပိတ်သွားတာလား?

နာရီကြည့်လိုက်တော့လည်း ကျောင်းတက်ဖို့က ၁၅မိနစ်လောက်လိုနေသေးတာကို...ဦးနှောက်ကိုအလုပ်ပေးနေရင်း ကျောင်းပိတ်ရက်ကမပြီးသေးတာကို သတိရလိုက်သည်။
ဖာ့ခ်...ဒီနေ့ကတနင်္ဂနွေနေ့ကြီးဟ...အဲဒါကြောင့်လူတွေလည်း မမြင်မိပါဘူးဆိုပြီးကြည့်နေတာကို။ ခေါင်းနောက်ရတဲ့အထဲ မဟုတ်ရင်အိမ်မှာပဲသာယာနေဦးမှာကိုကွာ...

ကားပြန်ကွေ့ပြီးစားသောက်ဆိုင်တစ်ခုကိုပဲ ဦးတည်မောင်းလာလိုက်သည်။ ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ ဆိုင်လေးကသပ်သပ်ရပ်ရပ်နဲ့...ဒီဆိုင်မှာပဲစားတော့မယ်လို့ဆုံးဖြတ်ရင်း ကားကိုပါကင်မှာသွားထားကာ အထဲဝင်လာလိုက်သည်။

အထဲရောက်တော့လည်း လူတွေကသူ့ကိုကွက်ကြည့်ကွက်ကြည့်နဲ့။ ပေစောင်းစောင်းသာပြန်ကြည့်မိတော့သည်။  သာသာယာယာပဲ ချထားတဲ့အစားအသောက်တွေကိုစားနေရင်း မနေ့ကအိမ်ကိုဘယ်လ်ုပြန်လိုက်တာလဲစဉ်းစားမိတော့  ရုတ်တရက်မနေ့ညကမှတ်ဥာဏ်တွေက အလုံးလိုက်အရင်းလိုက် အကုန်ပြန်ပေါ်လာတော့သည်...

"အဟွတ်! အဟွတ်!"

သောက်နေလက်စ ဂင်မ်ချီဟင်းရည်တောင် အပေါက်လွဲပြီးထသီးသည်အထိ ရှောခ့်ရသွားသည်။
ငါ...ငါ့ကို ကင်ထယ်ယောင်းက ပွေ့ပြီးခေါ်တာလား...ကင်ထယ်ယောင်းကလေ...အရင်ကငါကောက်မလိုက်တာနဲ့ ဆွေ့ခနဲပါလာတဲ့ကင်ထယ်ယောင်းကလေ...?

အန်းသွဲ့...ငါ့မှာရှိတဲ့six packsက မလုံလောက်တော့ဘူး။ ဟင့်အင်း...workoutကို အရင်ကထက်ပိုလုပ်ရမယ်...
သီးတုန်းက ကျလာတဲ့မျက်ရည်တွေတောင်မသုတ်ရသေးပဲ ဇွန်းကြီးကိုဆုပ်ကိုင်ရင်း ဗလပိုထွက်ဖို့ပဲစဉ်းစားနေတဲ့ ကျောင်းဝတ်စုံနဲ့ကောင်လေးတစ်ယောက်...

Double E {Completed}Where stories live. Discover now