Unicode
ဂျောင်ဂုသက်ပြင်းတစ်ခုကိုလေးပင်စွာချမိသည်။ အကြောင်းက ထယ်ယောင်းသူ့ကို အခုတလောရှောင်ဖယ်လာသလိုခံစားရလို့ပင်။ မနက်ပိုင်း ကုမ္ပဏီထိလိုက်ပို့၊ နေ့လည်စာအတူလာစားပေးပြီးတာနဲ့ သူ့ကုမ္ပဏီသူပြန်သွား၊ ညနေရုံးဆင်းချိန်လာကြိုပေးတာတော့ ပုံမှန်လုပ်ပေးပါသည်။ ဒါပေမယ့် ပြဿနာက ညနေကြိုပြီးအိမ်ထဲထိသေချာလိုက်ပို့ပြီးတာနဲ့ အပြင်မထွက်ဖို့မှာကြားကာ သူကတော့ချက်ချင်းပြန်ထွက်သွားတတ်သည်။ ညနက်မှပြန်ရောက်လာတတ်ပြီး သူ့ဘေးမှာတစ်ချိုးတည်းဝင်အိပ်လိုက်တာချည်းသာ။ ကြာတော့ စိတ်ထဲသည်းခံလို့မရတော့ချေ။ သူ့အပေါ် ထယ်ယောင်းအချစ်တွေပေါ့သွားတာလား၊ အသစ်ပဲတွေ့နေတာလား တွေးမိတိုင်းရင်ထဲပူပန်ရသည်။ ဒါကြောင့် ဒီညတော့မအိပ်သေးပဲ ဆိုဖာပေါ်ထိုင်စောင့်နေမိသည်။
သိပ်ပြီးကြာကြာမစောင့်လိုက်ရ...ခါတိုင်းလို အရမ်းညနက်မှပြန်လာတာမျိုးမဟုတ်ပဲ ဒီနေ့တော့အနည်းငယ်စောပြီးပြန်ရောက်လာသည်။ ဆိုဖာပေါ်ထိုင်နေတဲ့သူ့ကိုမြင်တော့ အံသြသွားပုံရကာ သူ့ဘေးနားမှာဝင်ထိုင်လာသည်။
"တစ်ယောက်တည်းဘာလို့ထိုင်နေတာလဲ...ငါ့ကိုစောင့်နေတာလား...အေးနေမယ့်ဟာကို"
အမူအကျင့်လို့တောင်ပြောလို့ရနေပြီဖြစ်တဲ့ သူ့နားရွက်တွေကိုလာပြီးဆော့ကစားကာ ပြောလာသည်။ ခါတိုင်းဆို အဲ့လိုလုပ်တိုင်း အသာတကြည် သဘောတကျခံပေမယ့် အခုကမတူ...သူ့စိတ်ထဲခုနေသည်မဟုတ်ပါလား။ ခေါင်းကိုစောင်းငဲ့ကာရှောင်တိမ်းလိုက်ပြီး
"စောင့်နေတာဟုတ်တယ်...ဒီနေ့တော့စောသားပဲ"
ထယ်ယောင်း သူ့ကိုဂျောင်ဂုကရှောင်လိုက်တာကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားပေမယ့် သူဒီနေ့အောင်မြင်ခဲ့တဲ့အရာတွေကြောင့်ရော ဂျောင်ဂုကသူပြန်လာတာကို မအိပ်သေးပဲထိုင်စောင့်နေတာရောဆိုတော့ စိတ်ထဲပျော်နေမိသည်မှာအမှန်။
"ပြောပါဦး...ငါ့ကိုလွမ်းလို့လား"
" ငါတို့ကြားပြောစရာလေးတွေရှိလို့"
ချက်ချင်းအဖြေပေးလာတာကြောင့်
"ပြောလေ ငါနားထောင်နေတယ်"

VOUS LISEZ
Double E {Completed}
Roman d'amourKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင္းက တကယ့္အာရံုပဲေဂ်ာင္ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇