Part:31

1.5K 95 0
                                    

Unicode

ခြံဝင်းထဲကို ချိုးကွေ့ဝင်လာပြီး အိမ်ရှေ့ဆင်ဝင်ထိ ရောက်တော့ ပိုလို့ပင် လက်ဖျားခြေဖျားတွေအေးစက်လာရသည်။ ထယ်ယောင်းကတော့ အဆင်ပြေမှာပါဟူသော အပြုံးနဲ့ပြုံးပြပြီး လက်ကိုဆုပ်ကိုင်လာသည်နှင့် တင်းတင်းကျပ်ကျပ်ပြန်ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်နေသောအသံနှင့်

"အဆင်ပြေပါ့မလား ထယ်ယောင်း"

"အဆင်ပြေပါတယ်ဆို အခုကမင်းကို ထမင်းစားဖို့ခေါ်ခဲ့ခိုင်းတာလေ ဘာမှကြောက်စရာမလိုဘူးဟုတ်ပြီလား..ငါလည်းမင်းဘေး တစ်ချိန်လုံးရှိနေမှာမို့ နည်းနည်းလေးတောင်ကြောက်နေစရာမလိုဘူး"

ခေါင်းညိတ်ပြလိုက်ပြီး ကားတံခါးအသာဖွင့်ကာ ဆင်းတော့ ထယ်ယောင်းက သူ့ဘက်ကနေ ရပ်စောင့်နေသည်။ အနားရောက်တော့ လက်ကမ်းပေးလာပြီး အိမ်ထဲကိုဦးဆောင်ခေါ်လာသည်။ အိမ်ကြီးက ခမ်းနားတယ်ဆိုတာသိသာပေမယ့် အခုချိန်မှာ ဘာကိုမှမငေးအားသေး...။

"ဟော ရောက်လာကြပြီလား...လာလာ ကွက်တိပဲ စားဖို့အကုန်ပြင်ဆင်ပြီးပြီ"

ထယ်ယောင်းအမေက အပြုံးတစ်ပွင့်နဲ့ကြိုဆိုပေးပြီး ထမင်းသားခန်းထဲခေါ်လာတာကြောင့် လိုက်သွားတော့ စားပွဲဝိုင်းရဲ့ထိပ်ဆုံးနေရာမှာ ထယ်ယောင်းအဖေက မြိန့်မြိန့်ကြီးထိုင်နေသည်။

"လာကြ ဒီမှာ ရှင့်သားတို့ရောက်လာပြီ"

"ဟုတ်လား လာကြကွာ ဗိုက်ဆာနေပြီ"

ပေါ့ပေါ့ပါးပါးပဲပြောဆိုနေတာမလို့ နေရခက်တာနည်းနည်းလျော့သွားသည်။ ထယ်ယောင်းကိုကြည့်လိုက်တော့ မျက်ခုံးပင့်ပြပြီး သူ့ကိုထိုင်ဖို့နေရာပေးသည်။ ဘေးမှာအတူတူ သူပါဝင်ထိုင်ပြီး ထယ်ယောင်းမာမီပါ နေရာယူကာ နေ့လည်စာ စစားကြတော့သည်။

ဂျောင်ဂုကတော့ လူကြီးတွေနဲ့ဒီလို အတူမစားဖူးတာကြောင့် စိတ်ထဲမှာ အိုးနင်းခွက်နင်း...။ ထယ်ယောင်းအမေရော ထယ်ယောင်းရောက ရှိန်နေပြီးဘာမှထည့်မစားတဲ့သူ့ကို ဟင်းလာထည့်ပေးကြတော့ မိသားစုထမင်းဝိုင်းဆိုတဲ့ခံစားချက်ကို သိလိုက်ရသည်။ ဝဲတက်လာတဲ့မျက်ရည်တို့ကိုထိန်းရင်း တခြားသူတွေမမြင်အောင်လို့ ခေါင်းကြီးငုံ့စားနေပေမယ့် ထယ်ယောင်းကတော့ သူ့ကိုမြင်ရသည်ထင်...စားပွဲအောက်ကနေ သူ့လက်ကိုဆုပ်ကိုင်ပေးလာသည်။ နေ့လည်စာစားခြင်းက အဆင်ပြေပြေပြီးသွားခဲ့ပြီး အခုလောလောဆယ်မှာတော့ ထယ်ယောင်းမိဘတွေက ထယ်ယောင်းကို အသီးသွားယူခိုင်းနေလို့ ဂျောင်ဂုတစ်ယောက်တည်း ထယ်ယောင်းမိဘတွေရှေ့ထိုင်နေရသည်။

Double E {Completed}Where stories live. Discover now