Unicode
နောက်ဆုံးတော့ သူဌေးJeonရဲ့ လက်ထပ်ပွဲနေ့ကိုရောက်ရှိလာပြီဖြစ်သည်။ လတ်တလောနာမည်ကြီးနေတဲ့မဂ်လာပွဲဖြစ်သည့်အားလျော်စွာ သတင်းထောက်များနှင့် တက်ရောက်ဂုဏ်ပြုသူကလည်း အများအပြား...စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အကောင်းဆုံးပါတီလိုမျိုးဖြစ်နေသလို မျက်နှာလိုမျက်နှာရ အပြုံးတုတွေနဲ့ လာရောက်ချီးမြှင့်နေကြသူတွေကလည်း ဒုနဲ့ဒေး...။
ကောင်းမွန်စွာအထမြောက်နေတဲ့ မဂ်လာပွဲနဲ့အတူ ကြေမွ၍စိတ်ဒဏ်ရာ အထပ်ထပ်ရနေသော နှလုံးသားတစ်ခု...။ ထိုသူအတွက်ရော စိတ်ချမ်းသာရာရမယ့် နားခိုရမယ့်တစ်နေရာရာရှိပါသလားလို့ မေးလာရင်တော့ အဖြေက ရှိပါတယ်တဲ့။ အေးတိအေးစက်ပုံနဲ့ အပေါ်ယံဆက်ဆံနေပေမယ့် အရိပ်တကြည့်ကြည့်လုပ်နေတတ်တာ သူ့ကိုယ်သူအသိဆုံးပါပေ။ အခုလည်း တစ်ယောက်တည်းကြိတ်ပြီးစိတ်မကောင်းဖြစ်နေမယ့် ကောင်လေးကြောင့် နားခိုရာလေးက တိတ်ဆိတ်ခြင်းကို တံခါးညင်သာစွာ ခေါက်ခြင်းဖြင့် ဖြိုခွဲလိုက်သည်။
"ဪ ထယ်ယောင်း~"
သူ့ကိုမြင်တော့ ချက်ချင်းမျက်ရည်တွေကို သူမမြင်အောင် လှည့်သုတ်လိုက်သေးသည်။ ဒီကောင်လေး..အဆင်မပြေတာကို ဟန်ဆောင်နေတယ်။ အဆင်ပြေလားဆိုတဲ့အပိုစကားတွေ မေးမနေတော့ပဲ လှဲနေရာက ထထိုင်နေတဲ့သူဆီကို လျှောက်သွားလိုက်ကာ ခေါင်းကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
"ငါ~ငါက အကဲပိုနေသလိုများဖြစ်နေလား ထယ်ယောင်း"
"ဘာတွေလျှောက်တွေးနေပြန်ပြီလဲ မင်းနှလုံးသားနဲ့မင်း ကြိုက်တာခံစားခွင့်ရှိတယ်"
"အဆင်မပြေဘူး~ငါ့မှာဘာမှမကျန်တော့သလိုပဲ"
မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်ကာ မော့စေပြီး
"ငါရှိတယ် ငါကျန်သေးတယ်"
"ဟင့်အင်း မပြောပါနဲ့ တစ်သက်လုံးအတွက်မဟုတ်ရင် ငါမကြားချင်ဘူးထယ်ယောင်းရယ်"
"အမြဲတမ်းအတွက်ပါကွာ"
"ငါ့ကိုသနားနေတာလား"
"ဟင့်အင်း ငါကသနားတိုင်းဒီလိုတွေလိုက်လုပ်ပေးမယ့်လူစားမှမဟုတ်တာ...မင်းမို့လို့..မင်းဖြစ်နေလို့"
CZYTASZ
Double E {Completed}
RomansKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင္းက တကယ့္အာရံုပဲေဂ်ာင္ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇