Part:28

1.5K 108 1
                                    

Unicode

"မင်းဘယ်တွေအလေလိုက်နေတာလဲဂျောင်ဂု တစ်ပတ်လုံးလည်းအိမ်မပြန်ဘူးဆို"

အခုကတော့ တစ်သက်လုံးမေတ္တာမပေးပဲ နောက်အိမ်ထောင်တောင်ပြုသွားတဲ့ ကျွေးဖခင်ဆီကနေ ခေါ်ယူဆုံးမခံနေရခြင်း...။
ဘေးမှာလည်း သူ့နောက်မိန်းမကိုထိုင်ခိုင်းထားပြီး ထိုမိန်းမကလည်း ဘဝင်လေဟပ်နေတဲ့ရုပ်နဲ့လာကြည့်နေလို့ အလိုမကျစွာ စုတ်သတ်လိုက်သည်။

"ဟေ့ကောင် မေးနေတာဖြေလေ...မင်းကစိတ်မရှည်ဖြစ်နေရအောင် အခုထိဘာများအသုံးကျသေးလို့လဲ အားအားရှိရန်ပဲဖြစ်ပြီး ရမ်းကားနေတဲ့ကောင်"

"ကျွန်တော့ကိုခေါ်တာ ဒါတွေပြောဖို့လား Mr.Jeon...သေချာပေါက် ကိစ္စတစ်ခုခုရှိမှာပါ"

"အေး မင်းကသိနေတော့လည်း ပိုကောင်းတာပေါ့...ကိစ္စကတော့ ငါ့မိန်းမရဲ့ညီမကို အိမ်မှာခဏနေခိုင်းဖို့"

"Mr.Jeonအိမ်မှာထားတာပဲ ထားလေ"

"မဟုတ်ဘူး ဒီအိမ်မဟုတ်ဘူး...ငါ့ဒီအိမ်မှာထားရင် မသင့်တော်လို့ မင်းနေတဲ့အိမ်မှာနေခိုင်းမှာ"

ယောက်ျားလေးတစ်ယောက်တည်းနေတဲ့အိမ်မှာ ထားတာကရော သင့်တော်သွားလို့လားလို့မေးလိုက်ချင်ပါသည်။ ပြောလို့ရပေမယ့် မပြောဖြစ်...ဘာလို့ဆို ဒါက အသိပေးရုံသက်သက်ဆိုတာသိပြီးသားမလို့

"အဲ့အိမ်ကလည်းMr.Jeonအပိုင်ပဲဟာ လုပ်ချင်သလိုသာလုပ်။ ဒါပဲမလား ကျွန်တော်သွားပြီ"

စကားတစ်ခွန်းမှဝင်မပြောတဲ့ အဖေ့ရဲ့နောက်မိန်းမဖြစ်သူကလည်း ဝင်းပနေတဲ့မျက်နှာထားနဲ့ဝင်ပြောလာပြန်သည်။

"ဒါဆို ညီမလေးကိုစောင့်ရှောက်ပေးပါဦးနော်"

"ဟက် သူ့ကိုယ်သူသာ သွားစောင့်ရှောက်ခိုင်း ကျွန်တော်က အဲ့အိမ်မှာ လူစိမ်းတွေရှိနေသရွေ့ ပြန်မနေဘူးမလို့"

"မမိုက်ရိုင်းနဲ့ ဂျွန်ဂျောင်ဂု မင်းကအိမ်မှာမနေတော့ ဘယ်မှာနေချင်သေးတာလဲ"

"....."

"...."

"နားခိုရာ...ကျွန်တော့ရဲ့ကိုယ်ပိုင် နားခိုရာဆီမှာနေမှာ"

Double E {Completed}Where stories live. Discover now