Part:16

1.8K 129 0
                                        

ထယ်ယောင်း ဂျောင်ဂုနဲ့စကားပြောပြီး ကိုယ့်အခန်းထဲကိုယ်ပြန်ဝင်ကာ ဆိုဖာပေါ်ထိုင်ပြီး ခုနကပြောခဲ့ကြတာတွေကို ပြန်စဉ်းစားမိသည်။ ဂျီမင်ကတော့ ကုတင်ပေါ်မှာ တရှူးရှူးနဲ့အိပ်ပျော်နေပြီ။ နာရီကိုကြည့်လိုက်တော့လည်း တစ်နာရီတောင်ခွဲတော့မှာမို့ ဆေးလိပ်သောက်ထားတာကြောင့် ရေချိုးခန်းထဲဝင်ကာ သွားပြန်တိုက်ပြီးမှ အိပ်ယာဝင်ခဲ့လိုက်တော့သည်။ အိပ်မက်ထဲမှာ ဂျောင်ဂုနဲ့သူနဲ့ လက်တွဲထားပြီးလမ်းလျှောက်နေကြတာ။ အေးအေးဆေးဆေး ငြိမ့်ငြိမ့်ညောင်းညောင်းလေးပဲ။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီးတော့လည်း ကြည်လင်တဲ့အပြူံးတွေပြူံးဖြစ်ကြသေး။ နိုးလာတော့ အဲဒီလို သူ့ရန်သူတော်ကြီးပါလာတဲ့ အိပ်မက်မက်တာ အမှန်တော့စိတ်ရှုပ်နေရမှာကို သူ့စိတ်အစဉ်က ကြည်လင်နေသည်။

ရေချိုးခန်းထဲဝင်ကာ ရေပါတစ်ခါတည်းချိုးလိုက်ပြီး ပြန်ထွက်လာတော့ ဂျီမင်က ထိုင်စောင့်နေသည်။

"အယ်မယ် အယ်မယ်...မျက်နှာကကြည်လင်လို့ပါလား"

"ခါတိုင်းလည်းကြည်ပါတယ်ကွ"

"မဟုတ်ဘူး မင်းမျက်နှာကြီးက အိပ်မက်ထဲမှာ ချစ်သူနဲ့ကြည်နူးခဲ့ရသလိုကြီး"

"ဘာ!ဘာ ချစ်သူလဲ?အခြေအမြစ်မရှိတာတွေ"

"အေးပါ ပြောတာပဲ! ပိတ်ဟောက်နေတော့တာ"

စိတ်ကောက်သွားတဲ့ပုံမလို့ အနားသွားကာ ပါးနှစ်ဖက်ကိုဆွဲညှစ်ရင်း ဝေ့၀ိုက်နေမိသည်။

"၀ူး!ဖယ်ပါကွ အမလေး ကင်ထယ်ယောင်းတို့များ ချော့ပုံကအဆန်း"

ပြောရင်းသူ့ပါးလေးသူပြန်ပွတ်နေသည်။ ကိုယ်ကလည်းဒီလိုချော့နေကြပဲမလို့ တစ်ချက်ပြူံးကာ အ၀တ်လဲနေလိုက်တော့ အနောက်ကနေ ဂျီမင်က မြန်မြန်ဆင်းလာရန်နဲ့ အစည်းအဝေးရှိကြောင်းပြောသွားသည်။ ကြီးကြီးကျယ်ကျယ် ဘာအစည်းအဝေးလဲ။ ပြီးရင် ဆော့ဖို့၊စားဖို့နဲ့ လျှောက်လည်ဖို့ပဲ အကြံထွက်လာကြတာကိုများ။

ခဏအကြာ ထမင်းစားခန်းထဲဝင်သွားတော့ စားပွဲပေါ်ကအစားအသောက်တွေက အမြင်နဲ့တင် ဗိုက်ကိုတောင်ဆာလောင်စေသည်။ ဆော့ဂျင်ရှိတာ ဒါတော့တစ်ခုကောင်းသည်။ စားဖို့သောက်ဖို့တော့ ဘယ်တော့မှမပူရ။ ဘယ်အချိန်ဆာဆာ စားစရာက အရန်သင့်ရှိနေတာမျိုး။

Double E {Completed}Donde viven las historias. Descúbrelo ahora