Unicode
Jeon groupသူဌေး နောက်အိမ်ထောင်ထူတော့မှာနဲ့ပတ်သတ်ပြီး လူအများကစိတ်ဝင်စားနေကြသည်။ တစ်ဖက်မိန်းကလေးကလည်းလုပ်ငန်းရှင်ဆိုပေမယ့် အသက်ကလည်းဆယ်စုနှစ်တစ်ခုကျော်ကျော် ပိုပြီးငယ်နေခြင်းကြောင့်လည်းပါသည်။ ဂျောင်ဂုလည်းရှိနေသေးတာမို့ ဒါဟာ ဘယ်လိုဆက်ဖြစ်မလဲသိချင်နေကြပေမယ့် မီဒီယာတွေတောင် ထိုအကြောင်းအရာနဲ့ပတ်သတ်ပြီး ဘာမှသတင်းယူလို့မရကြ။ နောက်ဆုံး ရရင်ရသလိုခိုးကြောင်ခိုးဝှက်နည်းဖြင့် ဂျောင်ဂုနောက်ကို နောက်ယောင်ခံနည်းဖြင့် လိုက်သူကလိုက်၊ အပြင်တစ်နေရာရာမှာ အုပ်လိုက်ကြီးcameraတွေနဲ့စောင့်ပြီး မေးခွန်းတွေတစ်ယောက်တစ်ပေါက်မေးကြတာမို့ အခုဆိုရင် ဂျောင်ဂုမှာ အိမ်ပြင်ကိုတောင်မထွက်ချင်တော့ပေ။
လူတွေကလည်းတစ်မျိုးရယ်....ကိုယ်မေ့ထားချင်တဲ့အရာကိုမှ လာတူးဖော်နေကြတာမျိုး။ ကိုယ်ချင်းစာစိတ်လေးများရှိရင် ဘယ်လောက်တောင်ကောင်းမလဲ...ကိုယ့်နေရာမှာသူတို့ဆိုရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ တွေးကြမယ်လည်းမထင်ပါချေ။
အခန်းထဲပဲကွေးနေပြီး ထမင်းလည်းထွက်မစားတဲ့ဂျောင်ဂုကို ထယ်ယောင်းအားမရတော့ပါ။ မရရအောင်စားခိုင်းရမည်မဟုတ်ပါလား....ဒီလိုနဲ့အားပြတ်သွားရင်ပိုပြီးဒုက္ခရောက်မည်ပင်။ အခန်းတံခါးကိုခေါက်လိုက်ပေမယ့် ပြန်ဖြေသံမကြားတာကြောင့် အိပ်နေတယ်အထင်နဲ့ ဝင်ကြည့်လိုက်တော့ တံခါးကိုကျောပေးပြီးလှဲလျောင်းနေသူက နောက်ကျောကိုကြည့်ရင်တောင် အထီးကျန်မှုတွေနဲ့ အားငယ်မှုတွေကို မြင်တွေ့နေရသလို...ဘယ်လောက်တောင်ပင်ပန်းလိုက်မလဲ။ သူငယ်ချင်းတွေကိုလည်း အိမ်တွင်းရေးပြဿနာတွေပြောမထွက်၊ အကယ်၍ပြောပြခဲ့မယ်ဆိုရင် အနည်းဆုံးတော့ သူ့ကိုပျော်အောင်လုပ်ပေးကြမှာပင်။ ထယ်ယောင်းကလည်း အတတ်နိုင်ဆုံးဂရုစိုက်ပေးပေမယ့် ကိုယ့်ပုံက အေးတိအေးစက်ပုံပေါက်တာမို့လို့ အကူအညီမဖြစ်မှာလည်းစိုးရသေးသည်။ သက်ပြင်းဖွဖွချကာ တံခါးကိုလှည့်ပိတ်လိုက်ပြီး ဂျောင်ဂုဆီကိုလျှောက်လှမ်းသွားလိုက်သည်။
အိပ်နေတဲ့သူနောက်ကျောနားမှာ ထိုင်လိုက်ပြီး
"ဂျောင်ဂု ထမင်းမစားဘူးလား"
YOU ARE READING
Double E {Completed}
RomanceKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင္းက တကယ့္အာရံုပဲေဂ်ာင္ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇