Part:6

2.1K 147 0
                                    

Zawgyi

နေ့တစ်နေ့ရဲ့အစ မနက်ခင်းက နေရောင်ခြည်နုနုလေးရယ် ကျေးငှက်လေးတွေရဲ့ ပိကျိပိကျိအသံလေးတွေရယ်နဲ့ အိပ်ရေးပျက်စွာနိုးထလာရသည်။ ဟုတ်တယ်လေ
နေကမျက်နှာလာထိုးမှတော့ လူကနိုးပြီပေါ့၊ ဒီကြားထဲ ငှက်တွေကလည်း လူနားမလည်တဲ့စကားတွေနဲ့ တစ်ကောင်ပြီးတစ်ကောင်အော်နေကြသေး...ဘယ်လိုမှ အိပ်ရေးဝမနေပါဘူးနော်...

အိပ်မရမယ့်အတူတူ အိပ်ယာပေါ်ကနေကုန်းရုန်းထပြီး ရေချိုးခန်းထဲသာဝင်လာလိုက်သည်...ကျောင်းပိတ်ရက်မို့လို့ အစောကြီးနိုးနေတာ ဒီသစ္စာရှိတဲ့မျက်လုံးတွေက။ ရေတစ်ခါတည်းချိုးလိုက်ကာ workoutပါလုပ်ပြီး မနက်စာမစားခင် ဖုန်းကြည့်နေလိုက်သည်...အမယ် thvတဲ့ ကင်ထယ်ယောင်းအကောင့်ပဲ...သိချင်စိတ်နဲ့ဝင်ကြည့်မိတော့ ဘာမှထွေထွေထူးထူးမတင်ထား...အဲဒါတောင်followerက ဘာလို့အဲ့လောက်များနေတာလဲ?
မနက်ခင်းရဲ့စိတ်အစုံက ဘာမှန်းမသိနောက်ကျိသွားရပြန်သည်။

ဖုန်းသုံးနေရင်းဗိုက်ဆာလာတာနဲ့ မနက်စာစားရန် အောက်ထပ်ကိုဆင်းလာခဲ့သည်။
ထမင်းစားဝိုင်းတွင် ဘယ်သူမှရှိမနေ...companyကိစ္စတွေပဲ ခေါင်းထဲအပြည့်ထည့်ထားတတ်တဲ့အဖေအကြောင်း အစကတည်းကသိနေတော့လည်း ထွေထွေထူးထူးဝမ်းနည်းမနေပါ။ ထမင်းချက်အဒေါ်ကြီးကိုသာ မနက်စာစားတော့မယ့်အကြောင်း အသိပေးပြီး ထမင်းစားပွဲတွင်ဝင်ထိုင်လိုက်သည်။ ခဏအကြာ စားပွဲနှင့်အပြည့်နီးပါး ချလာသည့် အစားအသောက်များ...ဘယ်လောက်ပဲတန်ဖိုးကြီးပြီးအရသာရှိတဲ့ အစားအသောက်တွေများများ၊ သူလိုချင်တာက စကားတပြောပြောနဲ့ နွေးနွေးထွေးထွေးထမင်းဝိုင်းတစ်ခုပါ...

*အကိုလေး Mr.Jeonက မနက်ဖြန်ပါတီတစ်ခုကိုလိုက်ခဲ့ရမယ်လို့ မှာခိုင်းလိုက်ပါတယ်*

အဟက်...မျက်နှာချင်းဆိုင်ပြီးစကားမပြောနိုင်လောက်အောင်ကို အလုပ်များနေရအောင် Jeon Groupဆိုတာကလည်း Top 10စာရင်းဝင်companyတစ်ခု...

အမေလား အမေကတော့ သူ့မိသားစုအသစ်နဲ့ နိုင်ငံခြားမှာအခြေချနေတာ သူ့အသက်၇နှစ်ပြည့်ပြီးကတည်းက...အချစ်မရှိပဲလက်ထပ်ပွဲတစ်ခုဖြစ်ခဲ့ရခြင်းအကြောင်းအရင်းမှာ မျိုးဆက်တစ်ခုအတွက်...

Double E {Completed}Où les histoires vivent. Découvrez maintenant