အခန်း၁
"ယောက်ဖရေ လုပ်အားပေးသွားမယ်ဟေ့"
စည်သူမောင် နှင့် ထက်အောင်ပြည့် သည် တစ်ရွာတည်းနေ တစ်ရေတည်းသောက်သော သူငယ်ချင်းများဖြစ်၏။ အိမ်ချင်းကပ်ဖြစ်ပါလျက် ဘာကြောင့်များ ရန်ဖြစ်ကြပါသနည်း။ အကြောင်းမှာ "ယောက်ဖရေ" ဟူသော အသုံးအနှုန်းကြောင့်ပင်ဖြစ်၏။
"လခွမ်း၊ ချီးမို့ ယောက်ဖ ခေါ်တာလား"
စည်သူမောင်၏ ဆဲသည်မမြည်သောဆဲသံအဆုံး ထက်အောင်ပြည့်သည် ဝိုင်းပေါက်မှ အိမ်ထဲသို့ရောက်လာ၏။
"သူငယ်ချင်း အချင်းချင်း ယောက်ဖခေါ်တာ နာစရာပါလားကွ။ မကျေနပ် ပြန်ခေါ်ပေါ့ ယောက်ဖရာ"
စည်သူမောင်သည် စားနေသောထမင်းကြော်အား မြန်မြန်လက်စသတ်ရင်း မီးဖိုချောင်ဘေးကစဉ့်အိုးဆီသွားကာ လက်ထဲက စတီးပန်းကန်ပြားအား ဆေးကြောလိုက်၏။
"မင်းက အနိုင်ပိုင်းပြီးခေါ်တာကွ၊ မင်းပါးစပ်က ခေါ်ပုံခေါ်နည်းကိုနားထောင်တာနဲ့ စိတ်ကအလိုလိုသိတယ်"
"ဖြစ်ရတယ်ကွာ၊ မင်းမှာညီမရှိသလို ငါ့မှာလည်း ညီမရှိတာပဲ၊ မကျေနပ်ရင် မကျေနပ်သလိုပြန်ခေါ်လိုက်၊
တစ်ခုပဲကွ ငါကအကျင့်ပါနေလို့ပါ ယောက်ဖရာ၊ စိတ်ထဲမှာပါတယ်လို့ မဟုတ်ပါဘူးကွ ယောက်ဖရ"
ပြောရင်းဆိုရင်းပင် ယောက်ဖဟုနှစ်ထပ်ကွမ်း အခေါ်ခံလိုက်ရပြန်သည်။
"မင်းပြောသလိုခေါ်ဖို့ဆိုတာလွယ်တာမှတ်လို့၊ မခေါ်တက်ပါဘူး၊မင်းသာ လူမြင်သမျှယောက်ဖခေါ်နေတာ၊ ချစ်မင်းတို့ ညီအစ်ကိုတွေကို ယောက်ဖခေါ်တော့ မင်းမနာဘူးလား တစ်အိမ်လုံး ယောက်ျားလေးတွေချည်းမွေးထားတာ"
"ဟ နာစရာလားကွယောက်ဖရ၊ စောစောကပြောသလို သူငယ်ချင်းတွေမို့ခေါ်တာပါဆို"
ထက်အောင်ပြည့်၏ စကားအဆုံး စည်သူမောင်၏ "ဘရုတ်ကောင်" ဟူသောအသံအားကြားလိုက်ရ၏။
"ယောက်ဖလို့ခေါ်တာ အဲ့လောက်ပြောစရာလိုလို့လား ဟမ် စည်သူမောင်"
စည်သူမောင်သည် လုပ်အားပေးတွင်လိုမည်ထင်သော ပေါက်ပြားတစ်လက်အားယူကာ အဖေဖြစ်သူ၏လယ်သမားခမောက်အားကောက်ဆောင်းလိုက်၏။
YOU ARE READING
မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)Completed