အခန်း၂၄
"ကြားကြရဲ့လား မနက်ခင်းအစောကြီးဖြစ်သွားတဲ့ကိစ္စ"
"ဘာတဲ့တုန်းတော်"
"အမလေးဟယ် စည်သူမောင်နဲ့ ထက်အောင်ပြည့်က ကြိုက်နေကြတာတဲ့"
ထုံးစံအတိုင်း တိုးတိုးတိတ်တိတ်အသံများက ပလုံစီနေသည်။
"အမလေးတော် ကြားလို့မှမကောင်း ညီမဖြစ်သူနဲ့စေ့စပ်ခါနီးမှ"
"ဟုတ်ပါ့တော် ယောက်ျားချင်းဘာတွေများကြိုက်ကြပါလိမ့်၊ ခေတ်ကြီးကိုက မကောင်းတာပါ"
"မိဘတွေကလည်းသဘောတူတယ်တဲ့တော်"
"မိဘတွေကိုက မြှောက်ထိုးပင့်ကော်ဆိုတော့ ညားရောပေါ့အေ"
ခန့်သူသည် သူ့၏ခြေလှမ်းများအား ဦးတည်ရာပြောင်းလိုက်၏။ ထို့နောက်တွင်ပုဆိုးကိုမကာ ထိုမိန်းမများရှိရာသို့ ခြေလှမ်းကြဲကြဲများဖြင့်သွားလိုက်သည်။
"တော်တော်အားနေကြလားခင်များတို့၊ ယောက်ျားချင်းချစ်ကြိုက်တာဘာဖြစ်လို့လဲ"
"ဟဲ့ မသင့်တော်ဘူးပေါ့"
ဒေါ်ညိုဝင်း ဆိုသောမိန်းမကြီးသည် ခန့်သူအား ခပ်ကျယ်ကျယ်ပြန်အော်သည်။
"မသင့်တော်ဘူးလို့ပြောရအောင် ကျူပ်သူငယ်ချင်းတွေက လူရှေ့သူရှေ့ဘာတွေလုပ်ပြနေလို့တုန်း"
"ဘာမှတော့လုပ်မပြဘူးပေါ့ဟဲ့ ဘာပဲနေနေ မသင့်တော်တာတော့မသင့်တော်တာပဲ၊ နောက်ပြီး ရည်ရှည်လည်းမြဲမယ်မထင်ဘူး"
"ဆိုတော့ ခင်းဗျားပြောချင်တာက ယောက်ျားချင်းကြိုက်ရင် မမြဲဘူးပေါ့လေ ၊ ဒါဆို ခင်ဗျားယောက်ျားက ခင်ဗျားကို ကလေးနှစ်ယောက်နဲ့ထားခဲ့တာကရော..."
ဒေါ်ညိုဝင်းသည် သူ့အရှိုက်ထိသောအခါ ဖြူကာပြာကာဖြစ်သွားသည်။
"မင်း..လူကြီးကိုဘယ်လိုပြောလိုက်တာလဲ၊ ငါတို့က ဖြစ်လာနိုင်တာတွေကိုပြောပြတာ"
ခန့်သူသည် ဝင်ပြောလာသော ဒေါ်ဆန်းနွယ်အား ကြည့်ကာခနဲ့သလိုပြုံးလိုက်၏။ ဒီမိန်းမကြီးလည်းဘာထူးတုန်း စီစီတီဗွီအကြီးစား။
VOCÊ ESTÁ LENDO
မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)Completed