Part 29

520 38 2
                                    

အပိုင်း၂၉

လသာဆောင်ရှိကွပ်ပစ်တွင်ထိုင်ရင်း ကောင်းကင်အားငေးကြည့်မိသည်။

"ရော့ သောက်မယ်မလား အချစ်"

ကမ်းပေးလာသော ဘီယာဘူးအား လှမ်းယူလိုက်သည်။ ဖောက်ခနဲ့ မြည်၍ပွင့်သွားသော ဘီယာဘူးအား မော့သောက်လိုက်သည်။

"အင်း အဆင်ပြေသားပဲ၊ မောင်နဲ့ငါ ဒီလိုမသောက်ရတာတောင်ကြာပြီနော်"

"အင်း အတော်ကြာပြီ"

ထက်အောင်ပြည့်သည် ကြယ်တွေအပြည့်နှင့်ကောင်းကင်ကြီးအားမော့ကြည့်လိုက်သည်။

"မောင်လေ အရင်က ကြယ်တွေကိုစိတ်ဆိုးခဲ့ဖူးတယ်၊ အားအားယားယားကြွေပြီး မောင့်ဆုတောင်းတွေကိုမကြားရကောင်းလားဆိုပြီးတော့"

"ကြယ်တွေကိုစိတ်ဆိုးတာလား ငါ့ကိုစိတ်ဆိုးတာလား"

စည်သူမောင်သည် ထက်အောင်ပြည့်၏ မေးရိုးသွယ်သွယ်လေးအားငေးကြည့်လိုက်သည်။ မောင်ကပြည့်စုံတယ်။ မောင်က ရင်ခုန်ဖို့ကောင်းတယ်။ မောင့်ရဲ့ အပြုံးလေးကအစ၊ အပြုအမူတွေအဆုံးငါ့ကို စွဲဆောင်နိုင်တယ်။

"အချစ်ကိုဘယ်တုန်းကစိတ်ဆိုးလို့တုန်းအချစ်ရာ။ ဒါပေမဲ့ စိတ်မရှည်တော့ဖြစ်မိတယ်။ အိစိစိနဲ့"

"ဆောရီးပါဗျာ"

ခပ်အေးအေးအသံနှင့်ပြောလာသော စကားအဆုံး စည်သူမောင့်၏မေးဖျားလေးအာ ဖျတ်ခနဲ့နမ်းလိုက်မိသည်။

"မလိုပါဘူးအချစ်ရာ၊ မောင်က သည်းခံနိုင်ပါတယ်"

"ငါသိတယ်"

"အွန်း မောင်တို့ဘယ်တော့အတူတူနေကြမလဲ"

"ဝါကျွတ်ရင်ပေါ့"

"ဝါကဘယ်တော့ကျွတ်မှာလဲ အချစ်ရယ်၊ စကားမစပ်ဒီနှစ် ဝါထပ်တယ်မလား"

"အင်း ပထမဝါဆို နဲ့ ဒုတိယဝါဆို နှစ်ခါလာမှာ"

"ဟား အတော်စောင့်ရတော့မှာပဲ၊ ဟင်း..."

သက်ပြင်းချလိုက်သော မောင့်ကြောင့် စည်သူမောင့်၏မျက်ခုံးများ တွန့်သွားသည်။

"ချစ်ရင်စောင့်ရမှာပေါ့၊ မောင်ကမစောင့်နိုင်ဘူးလား"

ခပ်ဆက်ဆက်ပြောလာသောစကားသံလေးကြောင့် သဘောကျစွာ ပြုံးမိသည်။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now