Part 26

529 40 4
                                    

အပိုင်း ၂၆

"အချစ်ရေ မောင် ခြံထဲသွားမယ်၊ အချစ်လိုက်ခဲ့မလား"

ထက်အောင်ပြည့်သည် ရေစိုနေသော ဆံပင်တွေကို ခါယမ်းရင်းပြောသည်။

"ငါမလိုက်တော့ဘူးမောင်၊ အိမ်က အလုပ်သမားတွေနဲ့ဆိုတော့ အကူအညီလိုမှာစိုးလို့"

"ဝယ်စရာရှိရင်သူတို့ဘာသာဝယ်မှာလေအချစ်ရဲ့၊ ပိုက်ဆံက တစ်ခါတည်းအပြီးစာချုပ်နဲ့ပေးထားတာမလား"

"ရေစက်တွေဘာညာမောင်းရင် ငါ့စက်တွေကိုသူတို့နားမလည်ဘူးကွ၊ နောက်ပြီး အဖေနဲ့အမေက ဒီနေ့ တောင်လယ်ကျော်ဆရာတော်ဆီသွားတယ်၊ အေးအေးဆေးဆေးမှပြန်လာမှာတဲ့၊ ညီမလေးတစ်ယောက်တည်း အဆင်မပြေဘူး၊ ဒီနေ့တော့ မောင်တစ်ယောက်တည်းသွားလိုက်နော် အလုပ်သမားတွေကို တအားမဆူနဲ့"

ထက်အောင်ပြည့်သည် စည်သူမောင်၏ ပါးလေးကို ရွှတ်ခနဲ့နမ်းလိုက်သည်။

"ဟုတ်ပါပြီမောင့်ချစ်သူလေးရယ် တစ်ခုခုလိုအပ်ရင်မောင့်ကိုလှမ်းခေါ်နော်၊ မောင်လာခဲ့မယ်"

"ဟုတ်ပါပြီဗျာ ငါ မောင့်ကိုဖုန်းဆက်ပါ့မယ်"

"မောင်သွားပြီနော်၊ ဒီနေ့ အလုပ်သမားတွေကို တစ်ပတ်စာရှင်းပေးရမှာ မောင်အရေးကြီးနေတယ်"

အလောတကြီးဖြင့် အပေါ်ထပ်အိင်္ကျီကောက်ဝတ်ကာအခန်းအပြင်ကိုထွက်မည်အပြု

"မောင်" ဟူသောခေါ်သံကြောင့် ခြေထောက်ကအလိုလိုရပ်တန့်သွားသည်။

"ဗျာ"

"ထမင်းမစားတော့ဘူးလား"

"မောင် မစားတော့ဘူးလေ အချစ်ရဲ့"

"နေအုံး ငါမောင့်အတွက်အဆာပြေမုန့်နဲ့ အားဆေးပေးလိုက်မယ်"

အမယ်၊ လူကိုယ်များ အားနည်းနေတဲ့လူကျလို့။

"မလိုပါဘူးအချစ်ရာ မောင်ကမနက်စာမစားရုံနဲ့ ပြိုလဲသွားပါ့မလား"

"မသိချင်ဘူးဟေ့ကောင် ငါပေးတာယူလိုက်"

ပြောရင်းဆိုရင်းလက်ထဲရောက်လာသော ပဲနို့ဘူးနဲ့ ပေါင်မုန့်တစ်ခုကြောင့် နှုတ်ခမ်းကပြုံးမိသွားပြန်သည်။ ကျွန်တော်က ကလေးမှ မဟုတ်တာဘဲ။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedМесто, где живут истории. Откройте их для себя