Part 30

624 40 2
                                    

အပိုင်း ၃၀

စည်သူမောင်သည် သူ့ဘေးတွင်ထိုင်နေသော ထက်အောင်အားကြည့်ကာ သဘောကျနေ၏။ စူးစူးစိုက်စိုက်ကြီးကြည့်နေတာမို့ ထက်အောင်ပြည့်လည်း သတိထားမိသွားသည်။

"မောင် က သိပ်ကိုချောသလား၊ မောင့်ကို တော်တန်ရုံပဲကြည့်ပါကွာ၊ နောက်ဆို မောင်က အချစ်ရဲ့ခင်ပွန်းဖြစ်လာတော့မှာပဲကို၊ အဲဒီအခါမှ မောင့်ကိုတစ်ဝကြီးကြည့်နော်"

ထက်အောင်ပြည့်သည် သူ့ရှေ့က ပုံကြမ်းစာရွက်ဆီ သာအာရုံရနေပြန်သည်။

"မောင့်ကို ဒီလိုပုံစံနဲ့မမြင်ရတာအတော်ကြာပြီနော်၊ပြောသာပြောရတယ် ငါတို့တက္ကသိုလ်တက်တုန်းကလည်း ကျောင်းမတူတော့ တစ်ခါတစ်လေပဲတွေ့ဖူးတာပါ။ ဒါပေမယ့်လေ ငါက မင်းနဲ့ပတ်သက်ရင်သိပ်ကိုအမှတ်ကြီးတာသိလား။မင်းရဲ့ စူးစူးစိုက်စိုက်ဖြစ်နေတဲ့ပုံက ငါ့မှတ်ဉာဏ်ထဲကနေမထွက်ဘူး"

စည်သူမောင်၏စကားကြောင့် ထက်အောင်ပြည့်သည် ကျေကျေနပ်နပ်ကြီးပြုံးလိုက်၏။

"မောင့်ကို သိပ်ချစ်တာပဲလား"

"မောင်သိတာထက်၊ မောင့်ကိုပြောပြနိုင်တာထက် ပိုတယ်"

"မောင့်ရဲ့ စိတ်ခဏခဏကောက်တာကိုရောလား"

"အဟက် ၊ ဒါပေါ့မောင်ရ ။ မောင့်ကိုချစ်ပါတယ်ဆိုမှတော့ မောင်နဲ့ပတ်သက်သမျှအားလုံးပါတာပေါ့"

"အဟင်း...."

"ဘာလို့ အဲဒီလိုရယ်ရတာလဲ၊ ဘာလဲ မင်းကမယုံဘူးလား"

"ငယ်ငယ်ကအကြောင်းကို သတိရလို့ပါဗျာ၊ အချစ်ကမောင့်ကို စာကြည့်တိုက်မှာ အကျင့်မကောင်းဘူးလို့ပြောဖူးတယ်လေ။ စာကြည့်တိုက်က စာအုပ်ပြဲသွားတော့"

စည်သူမောင်သည် ထိုအကြောင်းအား မျက်လုံးထဲကွက်ကွက်ကွင်းကွင်းမြင်လာကာ ရယ်တော့၏။

...........................................................................................................................

စည်သူမောင်သည် ရွှေသွေးဂျာနယ်အား အရင်ဦးစွာငှား၍ ထိုင်ဖတ်နေ၏။ ထိုအချိန်တွင် ထက်အောင်ပြည့်သည် စည်သူမောင်ဖတ်နေသော ဂျာနယ်အား မြင်သွား၏။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedDonde viven las historias. Descúbrelo ahora