မကြားချင်ယောင်ဆောင်သောကြယ်
အခန်း ၁၅
"ကိုကြီး "
မျက်နှာညိုးနေသော ညီမဖြစ်သူကြောင့် နည်းနည်းတောင်ကြောင်တောင်တောင်နိုင်သွားသည်။ ကိုယ့်ညီမအကြောင်းကိုယ်သာသိသည်။ ကျွန်တော့်ညီမဟာ ဘယ်တုန်းကမှ မျက်နှာမညှိုးပါ။ တော်တော်မျက်နှာကြောမာသည်ဟုပြောရမည်။
"မျက်နှာကဘာဖြစ်တာလဲ၊ အီးမှန်ထားသလိုပဲ၊ ငါ့ညီမတောင်ဟုတ်ရဲ့လား"
"ငါသိချင်လို့၊ အကို့အချစ်ဦးကဘယ်သူလဲ။ အစ်မရည်မွန် လား"
ဘုရား။
"ရည်မွန်က ဘယ်သူလဲ၊ ဘယ်ကလဲ"
"ဟ တောင်ဘက်အိမ်ကလေ၊ နင်တို့နဲ့ ရွယ်တူတွေလေ"
လက်စသပ်တော့ ဒီကောင်မလေးက အိမ်တောင်ဘက်က ရည်မွန်သူဆိုတဲ့ ကောင်မလေးကို မသင်္ကာဖြစ်နေတာပင်။
"အာ မိအေးချမ်းရာ ရည်မွန်သူက ငါတို့ထက်ငယ်ပါတယ်ဟ၊ နေပါအုံး နင့်ဘယ်သူက ပြောလိုက်တာလဲ"
အေးချမ်းပြည့်သည် တစ်ခုခုအားတွေးတောဟန်ပြု၏။
"မနေ့က ငါနဲ့ အကိုနဲ့ စကားပြောဖြစ်ကြတယ်။ နင်ပြောသလိုပဲ ကိုကြီးရာ၊ အကိုက ငါ့ကိုလက်မထပ်ချင်ဘူး"
ထက်အောင်ပြည့်၏ စာအုပ်ကိုင်ထားသော လက်သည် အောက်သို့ သိသိသာသာလျော့ကျသွားသည်။
"ဘယ်လို၊ ငါ့ကိုသေချာပြောစမ်း အေးချမ်းပြည့်"
အားတက်သရောစိတ်ဝင်စားနေသော သူ့အစ်ကိုကြီးအားကြည့်ကာ အေးချမ်းပြည့်သည် မျက်ရည်များပင် ပြည့်လျှံလာသည်။ နည်းနည်းတော့ ဟန်ဆောင်သင့်တာမဟုတ်လား။ ဘယ်လောက်ပဲ သူငယ်ချင်းဖြစ်သူနဲ့ သဘောမတူပါစေအုံး၊ ညီမဖြစ်သူကိုတော့ အားနာသင့်တာမဟုတ်လား။
"အကို့ကို ငါက နှစ်နှစ်ကြီးများတောင် ချစ်လာတာဟာ။ အဲ့ဒါကို အကိုက ၂နှစ်ဆိုတဲ့ အချိန်ကာလကအရေးမကြီးဘူးတဲ့၊ နောက်ပြီးငါက တကယ်ချစ်တာမဟုတ်ဘူးတဲ့ ၊ သူ့ကိုချစ်နေပါတယ်ဆိုပြီး အထင်မှားနေတာတဲ့၊ နောက်ပြီး သူ့အချစ်ဦးနဲ့သူက ၁၆နှစ်ကျော်တောင် ချစ်လာကြတာတဲ့၊ ပြီးတော့ဟာ အချစ်ကအကြောင်းပြချက်မလိုဘူးဆိုတော့ အချစ်ကတန်ဖိုးမရှိလို့လား"
YOU ARE READING
မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)Completed