Part 12

588 52 2
                                    

မကြားချင်ယောာင်ဆောင်သော ကြယ်

အခန်း ၁၂

"ကိုစည်သူ ဘာတွေငေးနေတာလဲ"

အေးချမ်းပြည့်အသံကြားမှ အသိပြန်ဝင်လာ၏။ ဘာရယ်မဟုတ် ထက်အောင် နှင့် ဒီဆိုင်ကိုရောက်ခဲ့ဖူးသောအမှတ်တရအားသတိရသွား၏။

၆၂လမ်းပေါ်ရှိ ရွှေမန္တလေး စားသောက်ဆိုင်ကို ထက်အောင်နှင့်အတူရောက်ဖူး၏။

"မဟုတ်ပါဘူး ဘာမှမငေးဘူး။ ဘာလို့လဲ ညီမ"

"ဘာမှာမလဲလို့မေးနေတာ ကြာပြီ၊ ဘာစားမလဲ "

ထိုအခါမှ ဝိတ်တာညီလေးရောက်နေသည်ကို သတိထားမိ၏။

"အာ ထမင်းပေါင်း၊ ရေသန့်လေးတစ်ဘူးပါချပေးနော်"

ထမင်းပေါင်းနှင့်ပတ်သက်ပြီး အမှတ်တရအများကြီးရှိ၏။

ဒီဆိုင်ကိုရောက်ဖူးကာစက ထက်အောင်နှင့် ကျွန်တော်သည် မရောက်ဖူး၍ ဝင်စားရုံသာ။

ဘာစားရမလဲ ငြင်းခုန်ရင်း ထမင်းပေါင်းမှာဖြစ်ကြ၏။ ကျွန်တော်တို့ထင်သော ထမင်းပေါင်းသည် အသီးအနှံများနှင့် ပန်းကန်ပြားဖြူဖြူပေါ်တွင်စုံစုံလင်လင်ထမင်းပေါင်းဟုထင်ထားခြင်းပင်။ သို့ပေမယ့် ထင်ထားသလိုမဟုတ်ပါ။ ထမင်းသုတ်နဲ့မှားချသလားဟုထင်၍ ဝိတ်တာညီလေးကို မေးမိချိန် "ရန်ကုန်ထမင်းပေါင်း" ဟုပြောသောကြောင့် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ဗဟုသုတနည်းလေခြင်းဆိုကာ ရယ်မိကြသည်။ သို့သော် အရသာသည် ထမင်းသုတ်လိုမဟုတ်ပါဘဲ ထူးထူးခြားခြားလေး စားကောင်းနေတာမို့ ဒီဆိုင်ကို ထိုင်တိုင်း ထမင်းပေါင်းကို သာစားမိကြ၏။

"ကိုစည်သူကလေ ကိုကြီးရဲ့ သူငယ်ချင်းလို့ မပြောရဘူး "

အေးချမ်းပြည့် သည် ယဉ်စစလေးပြုံး၏။ တကယ်ဆို အေးချမ်းပြည့်သည် ပြေပျစ်သည့် မိန်းကလေးထဲတွင်ပါသည်။ ယောက်ျားလေးတစ်ဦး၏မျက်လုံးဖြင့်ကြည့်လျှင် အတော်ကို ချောသည့်မိန်းမမျိုးဖြစ်၏။ သို့သော် မျက်လုံးထဲတွင် ညီမတစ်ယောက်ထက်မပိုပြန်ပါ။

"ဘာလို့လဲ"

"ကိုကြီးကလည်း ဒီဆိုင်ကိုထိုင်တိုင်း ထမင်းပေါင်းကိုပဲ စွဲစွဲလန်းလန်း စားတာ၊ 'ထမင်းပေါင်းနဲ့ ရေသန့်တစ်ဘူးပေးပါ' ပဲမှာတက်တာ၊ သူကပြောသေးတယ် 'စားရတာ အရင်တုံးကအတိုင်း ခံစားချက်ကောင်းတုန်းပဲ' တဲ့ ၊ ဘယ်သူနဲ့များ အတူလာစာဖူးတာလဲ မသိပါဘူး၊ အကိုရော ဒီဆိုင်ကို ဘယ်သူနဲ့လာစားဖူးတာလဲ"

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now