Part 9

614 51 4
                                    

အခန်း ၉

"စည်သူ ရောက်လာပြီလား။ လာလာ၊ အန်တီက သားကြိုက်တာတွေချက်ထားတာ၊ မင်းညီမ ကို ခေါ်ခိုင်းဖို့ကို ထက်အောင်က သူသွားခေါ်မယ်ချည်းလုပ်နေတာ"

"ဟို ..လှမ်းအော်လိုက်လို့ရပါတယ်"

အရှေ့တွင်ရောက်လာသော ပန်းကန်ပြားထဲအား အေးချမ်းပြည့်သည် ထမင်းထည့်ပေး၏။ ဒီလို ညီမလေးလို နေလာသော ကလေးကို ဘယ်လိုစိတ်မှ ထားမရတာလည်း အမှန်ကန်ဆုံး သစ္စာဖြစ်၏။

တွေးနေစဉ် ပန်းကန်ထဲကို ရောက်လာတဲ့ ငါးသလောက်ပေါင်းကြောင့် အန်တီ့ကို ပြုံးပြမိသည်။

"စည်သူ အများကြီးစားနော်"

"ဟုတ်"

"ဒါနဲ့ သားမိဘတွေအားတဲ့ တစ်နေ့ကျရင် စကားပြောရအုံးမယ်၊ ဟိုနေ့က သားမေမေ က ဘယ်တော့လောက်စေ့စပ်ရင်ကောင်းမလဲ ဆိုပြီး ပြောနေတာ၊ အန်တီက ကလေးတွေ ဆန္ဒကိုအရင်မေးမယ်လို့ ပြောလိုက်တာ၊ သားရောဘယ်တော့လောက် စေ့စပ်ချင်တုံး"

စေ့စပ်မယ့်ရက်ကိုတောင် ကလေးတွေသဘောထားကို မေးသေးတာပဲ၊ နေရာချတုံးက ဘာလို့ သဘောကျလား လို့ မမေးခဲ့ ကြပါလိမ့်။

အမေဖြစ်သူ၏ စကားကြောင့် ထက်အောင်သည် လှုပ်လှုပ်ရွရွဖြစ်လာ၏။

"အမေကလည်း စောမနေဘူးလား"

"ဟဲ့ ဘာသိလို့လဲ၊ မိန်းကလေးဆိုတာ ၂၃လောက်ဆိုတာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးပဲ။ စည်သူ သားက ဘယ်တော့လောက်စေ့စပ်ချင်လဲ"

ထက်အောင်ပြည့်သည် စည်သူမောင်၏ အဖြေအား စောင့်နေ၏။ စည်သူသည်လည်း ထက်အောင်ပြည့်အားကြည့်ကာ ထမင်းပွဲဆီကို အကြည့်ပြန်ရောက်သွားသည်။

"ဟုတ်...အန်တီတို့ သဘောပါ၊ ကျွန်တော်က ပြောစရာမရှိပါဘူး"

ထက်အောင်ပြည့်သည် သက်ပြင်းအကြီးကြီးသာချလိုက်တော့၏။ ထင်ထားတဲ့ အတိုင်းပြောချပစ်တဲ့ စည်သူ့ကို အားမရဖြစ်မိသည်။

အပြစ်တင်ချင်သော်လည်း မျက်နှာတောင်မပျက်ရဲပါ။ တော်ကြာ စည်သူ အနေခက်သွားမှာစိုး၍ အရသာမရှိတော့သော ထမင်းကို သာ ဆက်စားနေရပြန်သည်။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now