မကြားချင်ယောင်ဆောင်သော ကြယ်
အခန်း ၁၃
"သားကြီး"
"ဗျာ အမေ၊ ဘာခိုင်းမလို့လဲ"
"မနေ့က ဟိုဘက်အိမ်က စည်သူ့ညီမနဲ့ စကားတွေအကြာကြီးပြောနေတာတွေ့တယ်၊ ဘာလဲ သဘောကျနေတာလား၊ သားညီမနဲ့ စည်သူ့လို နေရာချပေးရမလား သား"
ထက်အောင်ပြည့် သည် မျက်မှောင်အားသိသိသာသာကြုတ်လိုက်၏။ ထို့နောက်တွင် သူ့၏မရှိသော မုတ်ဆိတ်အား လက်ဖြင့်ပွတ်လိုက်သည်။ ထို့နောက်တွင်
"ကြံကြီးစည်ရာဗျာ ၊ ရာရာစစ မကြေိုက်ပါဘူး၊ ကျုပ်သဘောမပါဘဲ တော့ မစီစဉ်နဲ့နော်၊ အမေ့သားက စည်သူ့လို ငြိမ်ခံနေမဲ့ကောင်မဟုတ်ဘူး၊ ပွဲကြမ်းပစ်မှာ"
ထိုစကားကြောင့် ညီမဖြစ်သူသည် ထိုင်နေရာမှ ထလား၏။
"နေပါအုံး ကိုကြီးပြောပုံအရဆို အကိုက ညီမလေးကို မကြိုက်ဘဲ ငြိမ်ခံနေရတယ်ဆိုတဲ့ သဘောလား"
"နင်က သူနဲ့ စေ့စပ်ထားတဲ့ သူပဲ၊ နင်သူ့ကို မသိဘူးလား၊ ကိုယ်ယူမယ့်ယောက်ျားအကြောင်းကို ၊ငါ့ထက်နင်ကပိုသိမှာပေါ့"
အမေဖြစ်သူသည် ထက်အောင်ပြည့်၏ လက်မောင်းအားရိုက်တော့၏။
...ဖြန်း...ဖြန်း...
"ဘာတွေပြောနေတာတုန်း၊ ကလေးကို စိတ်မကောင်းဖြစ်အောင်"
ဒါဟာ သူစီစဉ်ထားတာ ပျက်မှာစိုး၍ပင်။
"ဘာမှ ကလေးမဟုတ်ဘူး၊ ယောက်ျားတောင်ယူတော့မယ့်ဟာကို ကလေးလား''
"ဟဲ့ ၊ အကိုတစ်ယောက်က အဲ့လိုပြောစရာလား၊ ဟမ်"
အမေနဲ့တော့ ခက်ပြီ၊ စည်သူ့အတွက်တင် မဟုတ်ဘဲ ညီမဖြစ်သူအတွက်ပါပါတယ်ဆိုတာ ဘယ်သူမှမသိ။
ယူပြီးမှ နှစ်ယောက်လုံး စိတ်ညစ်ရမှာထက်တော့ ဒီတိုင်း လက်မထပ်ဘဲနေတာက ပိုပြီးအဆင်ပြေတာ မဟုတ်လား။
"ထားပါတော့၊ အခုမကြိုက်လည်း နောက်ကျကြိုက်သွားမှာပဲလေ၊ လက်ထပ်ဖို့သဘောတူတာနဲ့တင် စိတ်တစ်ဖက်ပါနေပြီ"
ညီမဖြစ်သူသည် တစ်ပြားမှလျော့မည့်ပုံမပေါ်။
"လက်ထပ်ဖို့သဘောတူတယ်လို့ သူကပြောလို့လား။ လူကြီးတွေစီစဉ်ပြီး နေရာချထားတာကို သဘောတူရုံပဲရှိသေးတာ၊ မယုံရင် လက်ထပ်ဖို့သွားပြောကြည့်ပါ့လား"
YOU ARE READING
မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)Completed