Part 23

601 40 3
                                    

အခန်း၂၃

"မောင်"

"အင်း"

စည်သူမောင်သည် ထက်အောင်ပြည့်၏လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ မောင့်ကိုကြည့်ရတာ ပင်ပန်းနေသလိုပင်။ ကားပေါ်မှာမအိပ်ခဲ့ဘူးနဲ့တူပါရဲ့။

"မောင်အိပ်တော့၊ ငါမောင့်ကိုစောင့်နေမယ်"

မောင်သည်ကျွန်တော့်ပေါင်ပေါ်သို့ခေါင်းလေးတင်လာသည်။ထို့နောက်တွင်ကျွန်တော့်လက်အားသူ့နှုတ်ခမ်းနှင့်ထိကပ်လိုက်သည်။

"မောင် အချစ်ကိုပိုင်ဆိုင်ရပြီနော်။"

"အင်း မောင်ကသတ္တိရှိလိုက်တာ။ ဒါနဲ့လေ..."

စည်သူသည်တစ်စုံတစ်ခုကို တွေးလိုက်သည်။သို့ပေမယ့် ဘယ်ကစပြောရမယ်မှန်းသူမသိ။

"ပြောလေအချစ်ရဲ့"

"မောင်ပြောတယ်လေ၊ ချစ်မိလို့အပြစ်ရှိရင် စချစ်မိတဲ့လူက အပြစ်ပိုရှိတယ်ဆို"

"အင်းလေ အချစ်ရဲ့၊ မောင်ကအပြစ်ပိုရှိတာပေါ့"

"မောင့်အချစ်တွေကိုပြန်ပြီးလက်ခံမိတဲ့ငါ့မှာလည်းအပြစ်ရှိပါတယ်"

"အဟက် အချစ်ရာ... ချစ်လိုက်တာ"

"မောင်သိလား စချစ်မိတဲ့မောင်ကအပြစ်ပိုရှိတယ်ဆိုရင် အဲဒီအပြစ်တွေကိုလျော့ချပေးနိုင်တဲ့လူက ငါပဲဖြစ်ချင်တယ်"

အမလေးဗျာ၊ စကားတွေ တယ်တက်နေပါလား။ ဒါကျွန်တော့်ကောင်လေးမှ ဟုတ်စ။

"မောင့်ကိုဒီ့ထက်ပိုချစ်ပေးပါအုံးဗျာ"

"အခုရော ငါကမချစ်လို့လား"

"မဟုတ်ပါဘူးအချစ်ရဲ့ မောင်က အများကြီးအချစ်ခံချင်လို့"

"မောင့်ရောဂါလေ၊ အခုမှမဟုတ်ဘူးငယ်ငယ်ကတည်းက မောင့်ကိုဦးစားမပေးရင်စိတ်ကောက်တာ"

"ဘယ်တုန်းကလဲ မောင့်ဖြင့်မမှတ်မိပါဘူး၊ မောင့်ကိုလုပ်ကြံဇာတ်တွေမခင်းနဲ့နော်"

"အောင်မာ ငါကပဲ မောင့်ကို လုပ်ကြံဇာတ်ခင်းရတယ်ဖြစ်သေး"

"ပြောပြစမ်းပါအုံးဘယ်တုန်းကလဲ"

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now