Part 32

526 41 0
                                    

အပိုင်း၃၂

"မောင် ခြံထဲသွားမယ်၊ လိုက်ချင်လား"

"ဟင့်အင်း"

စိတ်ထဲက လိုလိုလားလားငြင်းနေတာမို့ ထက်အောင်ပြည့်သည် စည်သူမောင်အား ငေးမောကြည့်လိုက်သည်။ စည်သူမောင်သည်လည်း မသိဘဲတော့မနေပါ။

"ဟို ငါ ငါ နေသိပ်မကောင်းချင်လို့၊ ခေါင်းမူးနေတာနဲ့"

ခေါင်းကိုကိုင်ကာ ပြောနေတာမို့ ထက်အောင်ပြည့် မယုံသင်္ကာစိတ်တော့မဖြစ်တော့ပါ။

"ဆေးသောက်ထားလား မောင်ဝယ်ပေးခဲ့မယ်"

"ငါသောက်ထားတယ်မောင်၊ ခဏပါပဲ တစ်ခါတစ်လေဖြစ်တတ်ပါတယ်"

"ဒါဆိုစိတ်ချမယ်နော်"

"အင်း တာ့တာ"

စည်သူမောင်သည် ထက်အောင်ပြည့်၏ ဆိုင်ကယ်ပျောက်သွားသည်အထိ ခြံတံခါးအဝမှရပ်ကြည့်နေမိသည်။ ဆိုင်ကယ်အရိပ်အယောင်မမြင်ရတော့မှ ခါးတွင်ထိုးထားသော ဖုန်းကိုထုတ်ကာ ခန့်သူဆီ ဖုန်းဆက်လိုက်သည်။

"ဟျောင့် လာခဲ့တော့မယ်နော်။ ရောက်နေပြီလား"

"အင်း ဘုန်းကြီးကျောင်းအနောက်က ဘောလုံးကွင်းထဲလာခဲ့၊ ငါစောင့်နေတာကြာနေပြီ"

"အေး အေး"

.......................................

................

ရွာထဲက ကာလသများဝိုင်းအုံနေ၏။

"ဘာဖြစ်ကြတာပါလိမ့်၊ ဒီကောင်တွေအများကြီး"

ထက်အောင်ပြည့်သည် လူအုံနေသောနေရာသို့ ဆိုင်ကယ်မောင်းသွားပြီး တိုးဝေ့ကြည့်လိုက်မိချိန် ခေါင်းများပင် ထိုးကိုက်လာသည်။

နိမ့်ချီမြင့်ချီဖြင့် ရီဝေဝေဖြစ်နေသောအမြင်အာရုံများတွင် သူ့ခင်ပွန်းကိုသာမြင်နေရသည်။

"စည် သူ မောင်"

ဆိုင်ကယ်စီးနေကြသော လူအုပ်ကြားတွင် သူ့ခင်ပွန်းသည် ထိပ်ဆုံးကဖြစ်သည်။ရွာထဲက ဦးညိုကြီးအတွက် တံပြာခုတ်ပေးရင်း ခေါင်းကိုက်နေတာ သက်သာရဲ့လားဆိုသည့်အတွေးဖြင့် ပြန်လာခဲ့လို့သာ သည်လိုမြင်ခွင့်ရတာဖြစ်သည်။ သူတို့ကိုယ်သူတို့ စတန့်သမားတွေများထင်နေသလား မသိပါ။ ဆိုင်ကယ်ကို ရှေ့ဘီးများ ထောင်ကာ တဝုန်းဝုန်းဖြင့်မောင်းနေကြသည်။ ဒါကြောင့် ဒီလိုဆိုင်ကယ်ကို တအားပူဆာနေတာကိုး။ သူများတကာလို စီးချင်တယ်ထင်၍ ရိုးရိုးသားသားမျက်နှာထားနှင့်ပူဆာသောသူအား ဝယ်ပေးမိသည်။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now