Part 10

624 47 0
                                    

အခန်း၁၀

"ယောက်ဖရေ၊ ထွက်ခဲ့တော့ဟ နောက်ကျနေပေါ့"

ရဲနိုင်၏အော်သံကြောင့် ထက်အောင်ပြည့်သည် ပုဆိုးကိုတိုတိုဝတ်ကာ အိမ်ရှေ့ကို ပြေးထွက်လာ၏။

"လာပြီ ယောက်ဖရေ၊ မင်းတို့ကလည်း လောလိုက်တာ၊ ရွာဦးဘုန်းကြီးကျောင်းက ဘယ်မှ ထွက်မပြေးပါဘူးကွ"

"ယောက်ဖရာ ဘုရားဝတ်ပြုတာမို့ နေမစောင်းခင်သွားချင်လို့လေ"

ထက်အောင်သည် ရဲနိုင်စကားကြောင့် ပြုံးလိုက်၏။

"နေစောင်းတော့ဘာဖြစ်တုန်း ပိုတောင်တိတ်ဆိတ်သေး"

"ဘုန်းကြီးကျောင်းဆိုတာလေ ဘုရားတွေပေါသလောက် ဘာဘာညာညာလည်းသိပ်ပေါတာကွ၊ တော်ကြာ မမြင်သင့်တာတွေ မြင်ပြီး နိဗ္ဗာန်ရောက်နေမှာစိုးလို့"

ရဲနိုင်ပြောချင်တာသည် သိုက်တွေ၊ ဥစ္စာစောင့်တွေ၊ နာနာဘာဝတွေကို ပြောချင်တာဖြစ်၏။

"ကုသိုလ်လုပ်တာပဲကွာ၊ နေပါအုံး မွေးနေ့ရှင် ခန့်သူကရော"

"စည်သူ့အိမ် သွားခေါ်တယ်"

သူငယ်ချင်းမွေးနေ့ရှိလျှင် ဘာရယ်မဟုတ် ရွာဦးစေတီမှာ ဘုရားဝတ်ပြုတာလည်း ထုံးစံလိုဖြစ်နေ၏။ သူငယ်ချင်းတွေ ရေစက်ကတော့ ကုန်မှာမဟုတ်တော့ပါ။

တွေးနေစဉ် ..."ဟိုမှာ စည်သူနဲ့ ခန့်သူလာပြီ" ဟူသောအသံကြောင့် လှည့်ကြည့်မိ၏။

...

ကျွန်တော်ချစ်သော အမျိုးသားသည် သိပ်ကို မြတ်နိုးချင်စရာကောင်း၏။ သိပ်မကြာခင် ဆုံးရှုံးရတော့မှာပါလားဟူသော အတွေးကြောင့် မျက်ဝန်းထဲတွင်ဝေဝါးသွားစေပြန်သည်။

"သတ္တိမရှိတဲ့ အကောင်၊ ငါ့အတွက် အသုံးဝင်နေလို့သာပေါ့"

တိုးတိုးသာသာပြောရင်း အံကို ကြိတ်လိုက်၏။

"ဘန်းဘန်း"

"အင်း "

"နာလား"

ချစ်လင်း ၏ ဘာမှန်းမသိသော စကားကြောင့် ဦးနှောက်စားရပြန်သည်။

"ဘာကိုနာရမှာလဲကွာ၊ ဘာကိုလဲ"

"ရင်ဘက်"

ပြောရင်းဆိုရင်း ရင်ဘက်ကို ပုတ်ခံလိုက်ရတာကြောင့် စပ်ဖျင်းဖျင်းဖြစ်သွားက နာသွားရပြန်သည်။ မျက်နှာကို မဲ့လိုက်ရင်း နာကျင်မှုသည် ချစ်လင်း၏ ရိုက်ချက်ကြောင့်မဟုတ်မှန်းသိလိုက်ရသည်။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now