Part 4

1K 64 2
                                    

အခန်း၄

"ဟေ့ ယောက်ဖ ဘာတွေစဉ်းစားနေတာလဲ"

ခန့်သူ က ရိုက်လိုက်မှ အရင်ကအကြောင်းတွေတွေးနေရင်း သတိပြန်ဝင်လာသည်။ လက်ဖက်ရည်ဆိုင်တောင်ရောက်ပေါ့။ ဘန်းဘန်းအကြောင်းတွေးလိုက်တိုင်းစိတ်နဲ့ကိုယ်ဟာ ဘယ်တော့မှကပ်တယ်မရှိ။ ပြောချင်တာက ငယ်ငယ်က ဘန်းဘန်းက ကိုယ့်ကိုယ်ကယ်ခဲ့ဖူးတယ်။ ကိုယ်တိုင်ကလည်း သူ့ဘက်ကရပ်တည်မယ်လို့ပေးထားခဲ့ဖူးသော ကတိကြောင့် ဟု ပြောချင်တာပင်။ သို့သော်အတွေးတွေနယ်ချဲ့သွားလိုက်တာများ စိန်တလုံးသရက်သီးအစ ဂျက်ကီနဲ့မိုမိုရဲ့ မင်္ဂလာပွဲပျက်တာအဆုံးအကုန်တွေးချလိုက်၏။

"ဒီလိုပါပဲကွာ၊ တွေးစရာ တစ်ခုခုပေါ့၊ ငါ ပေါ့ဆိမ့် သောက်မှာ ယောက်ဖ"

"မှာလိုက်ပြီလေကွာ၊ စိတ်နဲ့လူနဲ့မကပ်ဘူး။ ဘယ်ကောင်မလေးအကြောင်းတွေးနေတာလဲ"

ခန့်သူ စကားကြောင့် စည်သူမောင်သည် ဟက်ခနဲ့ရယ်လိုက်သည်။

" ကောင်မလေးတစ်ယောက်ကွာ၊ ဆံပင်ရှည်ရှည်လေး၊ သနပ်ခါးလေးနဲ့၊ ချစ်စရာလေး"

စည်သူမောင့်စကားအား တစ်ဖွဲ့လုံးစိတ်ဝင်စားသလို၊ ထက်အောင်ပြည့် သည်လည်း စိတ်ဝင်စားသည်။ မတည့်လို့သာ မသိချင်ယောင်ဆောင်နေပေမယ့် တကယ်ကြီးစိတ်ဝင်စားသည်။စည်သူမောင်၏ ယောင်ခြောက်ဆယ်ပြောနေမှုကိုဘယ်သူမှမရိပ်မိပါ။

"ဘယ်သူလဲ၊ ဒို့ရွာကလား၊ ဇီးဖြူကုန်းရွာကလား"

"ဘယ်ကနေနေပေါ့၊ တော်တော်တော့လှတယ်"

ချစ်လင်း ၏ အမေးကို ပြီးပြီးရောဖြေလိုက်သည်။ မဟုတ်လည်း သည်ကောင်တွေက ပါးစပ်အရသာခံရုံသာ။

"လျှိုထားတာ ၊ လှရင်လည်း facebook account link လေးချပေးလေကွာ"

"လျှိုထားတာ ဟုတ်တယ်လေ၊ ပြစရာလား၊ ငါတစ်ယောက်တည်း အပိုင်လေ၊ ရည်းစားဖြစ်ရင် ပြင်ဦးလွင်ကို ဆိုင်ကယ်နဲ့တက်မယ်လို့တောင် တွေးထားတာ"

စမ်းတဝါးဝါးအချစ်ရေး ဘယ်သူမှန်းမသိသော အနာဂတ်ကချစ်သူအား ပြင်ဦးလွင်တက်ဖို့ဖိတ်ခေါ်လိုက်သည်။ မြောက်ကြွကြွပြောရင်း ထက်အောင်ပြည့်ဘက်သို့ကြည့်မိတော့ စူးစူးစိုက်စိုက်ကြည့်နေ၏။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedDonde viven las historias. Descúbrelo ahora