အခန်း၅
"၂၀၀ ပါခင်ဗျ"
ဆိုင်ကယ်အပ်သော ဘောင်ချာကို ယူကာ ပိုက်ဆံ၂၀၀တန်တစ်ရွက်ပေးလိုက်သည်။ ဆိုင်ကယ်နေရာရှာပြီး တည့်အောင်သွင်းနေပုံက မြန်မာဘောလုံးအသင်း ဂိုလ်းသွင်းနေသကဲ့သို့ အပေါက်အလမ်းတည့်ပုံမပေါ်တာမို့ ကိုယ်တိုင်သွားပြီးနေရာရွှေ့ပေးလိုက်ရသေးသည်။
"ကဲ ငါတို့အထဲကိုဝင်လို့ရပြီမလား"
"ရပါပြီစည်သူရ၊ ဒါနဲ့ နောက်အပတ်ဆို မင်းမွေးနေ့နော် မင်းဘာလိုချင်လဲ"
"ငါကပြောမှ ရမယ်ဆိုရင်တော့ မယူတော့ပါဘူးကွာ၊ ပြီးတော့ မွေးနေ့ပွဲတွေ ငါမှမကြိုက်တာ"
"ဒါပေမဲ့ မွေးနေ့လက်ဆောင်တော့ ကြိုက်တယ်မဟုတ်လား"
"ကြိုက်ပေမဲ့ ငါကပြောမှ ဝယ်တက်တယ်ဆိုရင်တော့ မလိုချင်တော့ပါဘူး"
ကြက်ကြော်ဆိုင်ရှေ့ရောက်လာပြီမို့ စည်သူ့အား လက်တို့ကာ ကိုယ်တိုင်ကဦးဆောင်ပြီး စည်သူကြိုက်တဲ့ အသားကိုသေချာကြည့်ကာ ပွဲကြီးရွေးလိုက်သည်။ စည်သူမောင်ဆိုတာ ကြက်သားတောင် ၂နေရာပဲစားတဲ့လူဖြစ်သည်။ ပေါင်သားနဲ့ တောင်ပံကလွဲပြီး ဘာမှမစားတဲ့အပြင် ရင်အုံသားကျွေးလျှင် အလွန်ဒေါသထွက်တဲ့သူဖြစ်သည်။ ကြက်ရင်အုံသားက အသားသာများတာ အရသာမရှိဘူးဟုဆို၏။
"မင်းကြိုက်တဲ့ ပေါင် နဲ့ တောင်ပံ"
"ကျေးဇူးပဲ၊ ပြီးရင် မင်း စာအုပ်ကြည့်မယ်မဟုတ်လား၊ ဘာစာအုပ်လဲ"
" ဝတ္ထုဖတ်မယ်လေ၊ အခုတလော ငြိမ်ငြိမ်လေးနေမယ်စဉ်းစားထားတယ်"
ထက်အောင်ပြည့်၏စကားကြောင့် စည်သူမောင်သည် မော့ကြည့်လာ၏။ ထို့နောက်တွင် အာလူးချောင်းကြော်ကို ဖြတ်ခနဲ့ ပါးစပ်ထဲကောက်ထည့်လိုက်သည်။
"ဘယ်နှရက်ငြိမ်မယ်စဉ်းစားထားလဲ"
"အမ် စာအုပ်ဖတ်တဲ့ အချိန်ပေါ့ ၊ ဟီး"
"ဘန်းဘန်း မင်း နည်းနည်း ငပွေးလုပ်တာလျော့သင့်ပြီနော်၊ ငါမကြိုက်ဘူး"
"စည်သူ မင်းကလည်းကွာ၊ ငါ့မှာဆိုးစရာဆိုလို့မင်းတို့ပဲရှိတာကို"
CZYTASZ
မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)Completed