Part 7

742 67 2
                                    

အခန်း ၇

"ယောက်ဖရေ၊ စည်သူ"

အောက်ကနေအော်နေတဲ့ သူငယ်ချင်းတွေအသံကြောင့် ကန့်လန့်ကြီးနှင့် ကိုယ့်ပေါင်ပေါ်ခြေထောက်ကြီးတင်၍အိပ်ပျော်နေသော ဘန်းဘန်း အား လှုပ်နှိုးလိုက်သည်။

"ဘန်းဘန်း ထစမ်း ၊ အောက်မှာ ဟိုကောင်တွေရောက်လာတယ်၊ ရေနစ်တယ်ကြားလို့ထင်တယ်"

"အာ အိပ်နေတာကို၊ ထချင်ဘူး"

တော်တော် ကပ်တဲ့ကောင်၊ သူ့ခြေထောက်က ပေါင်ပေါ်တင်ရုံတင်မကပဲ ဗိုက်ထိပါရောက်လာသည်။

"ယောက်ဖရေ"

ထပ်အော်နေကြပြန်ပြီ။

"ငါအပေါ်မှာဟေ့၊ တက်ခဲ့တော့"

သိပ်မကြာပါ။ အပေါ်ရောက်လာတာနဲ့ ဘေးနားဝင်ထိုင်ရင်း အိပ်နေတဲ့ ဘန်းဘန်းကို ခန့်သူက ခြေထောက်နဲ့ကန်၏။

"ဟေ့ကောင်၊ မင်းက ဘာလဲ၊ လူမမာဘေးဝင်အိပ်နေရတယ်လို့။"

"ငါ လူမမာမဟုတ်ပါဘူးကွ၊ ရေလေးပဲ နစ်တာပါကွာ"

"ဘာပဲနေနေ ဒီလိုကြီးဝင်အိပ်နေတာတော့ မဟုတ်သေးဘူးလေကွာ။ ထစမ်း ဟေ့ကောင် လူမြင်လို့မှမကောင်း"

အိပ်ရာကနေလူးလဲထပြီး လေးလေးမှိုင်မှိုင်ထိုင်နေပြန်၏။

"ငါအိပ်ရေးမဝတော့ ခေါင်းထဲရှုပ်ပွနေတာပဲ၊ "

"မင်းကဘာလို့အိပ်နေတာလဲ"

"စည်သူအနားအိပ်ရတာ မွှေးတယ်ကွ၊ သူ့ဆီက ကလေးလေးတွေအနံ့ကွာ ဟို....."

ဘန်းဘန်းစကားကို နားထောင်ရင်း ရဲနိုင်သည်

"Babi Mild လား" ဟုမေး၏။

"အေး မင်းဘယ်လိုသိတာ"

ရဲနိုင်သည် ကုတင်ဘေးက ခုံပေါ်ရှိ Babi Mild တံဆိပ် ပစ္စည်းမျိုးစုံအား မေးငေါ့ကာပြတော့၏။

"နေပါအုံးကွာ အဲဒီ ဘေဘီမိုင်း က ငါ့ထက်အရေးကြီးသွားတာလား"

"မဟုတ်ပါဘူးကွ၊ဒီမှာ မင်းအတွက်ငါတို့ ဆန်ပြုတ်ယူလာတယ်။ မင်းအိမ်မှာ မင်းတစ်ယောက်တည်းရှိတာမလား"

"အပင်ပမ်းခံလို့ကွာ ၊ ငါမနက်က ကြာဆံတွေချက်ထားသေးတယ်"

ကြာဆံချက်ဟူသောအသံကြောင့် ဘန်းဘန်းမျက်နှာသည် ငြှိုးသွားပြန်သည်။ သူကိုယ်တိုင်ချက်ထားတဲ့ကြာဆံချက်လေး ကို ကိုယ့်တစ်ယောက်တည်းအတွက် သီးသန့်လာပို့ကာမှ ကိုယ်ပြောလိုက်တဲ့ စကားက ရင့်ရင့်သီးသီးမို့ ရေတောင်နစ်ရတဲ့ အထိ။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now