Part 27

496 37 4
                                    

အပိုင်း၂၇

တစ်ချို့တလေပစ္စည်းများ တစ်ဖက်အိမ်ကိုသယ်ရသည်။ မောင်ကတော့ ကြည်ဖြူမနေပါ။

"မောင် ဘာဖြစ်နေတာလဲ၊ မသယ်ချင်ဘူးလား။ ပေး ပေး မောင်ထိုင်နေ ငါသယ်မယ်"

မောင့်လက်ထဲက အဝတ်အစားပုံးကို အတင်းလုတော့ မောင်က မပေးပြန်ပါ။

"လေးတယ် မောင်သယ်မယ်"

"ဒါဆိုလည်း မောင့်မျက်နှာကြီးကိုအဲ့လိုမနေနဲ့လေကွာ"
"အချစ်ပဲ စဉ်းစားကြည့် တကယ်ဆို ဆောင်းကဝင်နေပြီ"

မောင်ဘာကိုပြောချင်မှန်းကျွန်တော်တကယ်ကြီးနားမလည်။ မောင်ဘာတွေဖြစ်နေလဲဆိုတာ မောင်သာသိမည်။

"ဘာကိုလဲမောင်ရာ၊ ဆောင်းတွင်းရောက်တာနဲ့ ငါအိမ်ရွှေ့တာဘာဆိုင်တုန်း"

"ဘာလို့ ဆောင်းတွင်းရောက်ခါနီးမှ ဒီအိမ်ကပြီးရတာတုန်း၊ မောင်ကျ တစ်ယောက်တည်းအိပ်ရတော့မှာ"

"ဟောဗျာ၊ မောင့်အိမ်နဲ့ ငါ့အိမ်က ကပ်လျက်လေ၊ မောင် ဘာတွေစိတ်ညစ်နေတာလဲ"

မောင်သည် စိတ်ညစ်နေသောမျက်နှာဖြင့်ပင် သက်ပြင်းချသည်။ ထို့နောက်တွင် ကျွန်တော့်စကားအားဘာမှပြန်မပြောဘဲ အဝတ်ပုံးကို တစ်ဖက်အိမ်ယူသွား၏။

"အိပ်ရာဘေးချနော် မောင်"

မောင်သည် နံရံဘေးချရန်ပြင်ထားသော အဝတ်ပုံးအား အိပ်ရာဘေးကိုပြောင်းချသည်။ ထို့နောက်တွင် အခန်းကို လှည့်ပတ်ကြည့်ကာ ခေါင်းတညိတ်ညိတ်လုပ်ပြန်သည်။

"အဟက် မောင်နဲ့မအိပ်ချင်တိုင်း သူ့အခန်းကို လှလှလေးပြင်ထားတယ်"

မောင်က ဒါကို အခဲမကျေဖြစ်နေသည့်သဘောပင်။

"ဘုရားပေးပေး ကျမ်းပေးပေးပါမောင်ရာ၊ မဟုတ်ရပါဘူး"

"တော်ပါ မောင့်မှာတော့ သူမရှိရင် အိပ်ပျော်ပါ့မလားဆိုပြီးတွေးနေတာ သူကတော့ ဘယ်အချိန်က အခန်းကိုပြင်ထားလည်း မသိဘူး"

"နေ့လည်ကမှ ပြင်ထားတာပါ။ မောင်အိပ်နေတုန်းကလေ"

"မောင်အိပ်နေရင် မောင့်အနားမှာပဲနေလေ၊ ဘာလို့ ထွက်သွားရတာလဲ"

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now