Part 22

560 45 10
                                    

အခန်း ၂၂

မနက်၄နာရီရှိပြီဖြစ်သည်။ညကတည်းက တစ်စက်မှမအိပ်ရသေးတာကြောင့် ထိုင်သာထိုင်နေမိသည်။ ထိုစဉ်ခြံဝမှမောင့်အော်သံကိုကြားလိုက်ရတာမို့ တစ်အိမ်သားလုံးသာမက ပတ်ဝန်းကျင်ကလူတွေပါနိုးကုန်၏။

"အိမ်ထဲကဘယ်သူမှမနိုးကြသေးဘူးလား။ ခြံတံခါးလာဖွင့်ကြပါအုံး"

မောင့်အသံကြားသည်နှင့် ကျွန်တော်သည်တံခါးဝတွင်ချိတ်ထားသောသော့ကိုကြည့်လိုက်တော့ ရှိမနေပါ။ ထိုအခါမှ ခြံထဲကို အေးချမ်းပြည့်ဆင်းသွားတာတွေ့လိုက်သည်မို့ မီးများကိုဖွင့်လိုက်သည်။

မောင်သည် ခြေလှမ်းကျဲကျဲများဖြင့်ကျွန်တော့်ဆီသို့ရောက်လာသည်။

"ကိုကြီး ကားကရောဘယ်မှာလဲ"

"ရဲနိုင်တို့အိမ်ဝိုင်းထဲထားခဲ့တယ်၊ အိမ်ကလူတွေခေါ်လိုက်"

"ဒီအချိန်ကြီး ဘာလုပ်ဖို့လဲ"

"ခေါ်ဆိုခေါ်လိုက်စမ်းပါ"

ဒေါသသံပါနေသောမောင့်စကားတွေကြောင့် မောင့်၏လက်မောင်းလေးကိုဆုပ်ကိုင်လိုက်သည်။

"ဟဲ့ နင့်အသံကြီးနဲ့မို့ အကုန်နိုးပြီ၊ ဘာဖြစ်တာလဲပြော"

မောင့်အမေနှင့်အဖေအပြင် စည်သူ့ညီမလေးမြတ် ပါနိုးလာသည်။ထိုအခါမှ မြတ်ကိုကြည့်ကာ...

"မြတ် ဟိုဘက်အိမ်က နင့်အဖေနဲ့အမေကိုခေါ်ချေ"

"ဟုတ်"

သင်းမြတ်မောင်သည်အခြေအနေကိုကြိုသိနေသူမို့ ဟိုဘက်အိမ်ကိုခပ်မြန်မြန်ထွက်သွားတော့၏။

"ဟဲ့ထက်အောင်ပြည့်ရယ် လူကြီးတွေကိုဘာလုပ်မလို့တုန်း"

"အမေ မသိပါဘူးဗျာ"

"ဟဲ့ မသိလို့မေးတာပေါ့"

ဒေါ်မြင့်မြင့်အေးသည် သူ့သားကိုပြောမနိုင်သည့်ပုံစံဖြင့်ပြောပြီး ဧည့်ခန်းတွင်ဝင်ထိုင်လိုက်သည်။

"အချိန်တန်သိမှာပေါ့ အမေရာ"

"မင်းကွာ..."

"ကိုဟန်ပြည့်ရယ် ရှင့်သားအကြောင်းသိသားနဲ့ ၊ ကဲထိုင်နေစမ်းပါ"

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now