Part 16

581 44 5
                                    

အခန်း၁၆

သူငယ်ချင်းနှစ်ယောက်ကပြန်လည်သင့်မြတ်နေတာမို့ ရဲနိုင်သည်အမှန်တကယ်စိတ်ဝင်စားနေ၏။

"အဓိပ္ပာယ်မရှိဘူး၊ လုံးဝပဲ"

"ဘာကိုလည်းကွ၊ မင်း ဘာဖြစ်နေတာလဲ"

ချစ်လင်းသည် ရဲနိုင်ကို လုံးဝနားမလည်နိုင်ပါ။ တစ်ယောက်တည်းစကားတွေပြောနေတာ ပုံမှန်မှ မဟုတ်ဘဲ။

"အဲဒီနှစ်ကောင်ကိုကြည့်လေ မသင်္ကာစရာကောင်းတယ်၊ သိပ်မကြာခင်ကအထိ စည်သူကမပြုံးနိုင်ဖြစ်နေတာကွာ ဘန်းဘန်းကိုလည်း သူကြောက်တယ်။ အခုကျ တစ်မျိုးဖြစ်နေတယ်"

ရဲနိုင်သည် ပြောရင်းဆိုရင်း စည်သူတို့အနားကိုရောက်သွားသည်။ ချက်ချင်းဆိုသလိုပင် မေးချလိုက်သည်။

"မင်းတို့နှစ်ယောက်တွဲနေတာမဟုတ်လား။ ငါသိနေတယ်"

ခပ်တည်တည်နှင့်မေးချလိုက်ချိန် အားလုံးသည် ပါးစပ်ဟောင်းလောင်းနှင့်ဖြစ်သွားကြသည်။ သရက်သီးစိတ်လေးများကို ကိုင်ကာ ပါးစပ်ထဲတောင်ထည့်ဖို့မေ့သွားကြ၏။

"အင်း ၊ ငါနဲ့စည်သူ ချစ်နေတာကို ဝန်ခံလိုက်ကြပြီ၊ ငါတို့တွဲနေကြပြီလေ"

ဘန်းဘန်း၏ အဖြေသည် ရဲနိုင်၏ မေးခွန်းထက်ပင်ပို၍ကြောက်စရာကောင်း၏။ ဘန်းဘန်းကတော့ ပြောပြီးတာနှင့် သရက်သီးစိတ်ကို ပါးစပ်ထဲထည့်လိုက်နိုင်ပေမယ့် ကျန်သောသူများကတော့ ဆက်ပြီးမစားနိုင်ကြတော့ပါ။

စည်သူမောင်သည် ရဲရဲတင်းတင်းပြောနေသော ထက်အောင်ပြည့်အား စိုက်ကြည့်လိုက်သည်။ ဘာကြောင့်များ ဘာမှမဖြစ်သလို ပြောနိုင်တာပါလိမ့်။

ထက်အောင်ပြည့်သည် သူ့အား စိုက်ကြည့်နေသော စည်သူမောင်၏အကြည့်အား နားလည်သယောင်ပြု၏။ ထို့နောက်တွင် မျက်နှာပြောင်တိုက်ကာ ထပ်ပြီးပြောလိုက်သည်။

"အချစ်ရာ မောင်ပြောတာမဟုတ်လို့လား၊ အဲ့လိုကြီးစိုက်ကြည့်မနေနဲ့လေကွာ"

စည်သူမောင်သည် ရှက်ကြောပျက်နေသော ဘန်းဘန်းကြောင့် အငွေ့ပျံချင်နေပြီဖြစ်သည်။ မောင်တဲ့လား။ ကျန်သောသူများသည်လည်း လက်ထဲက သရက်သီးများအား လွှတ်ပင်ချလိုက်ကြသည်။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now