Part 8

645 54 4
                                    

အခန်း၈

"သားကြီး သဘောကရော"

မေးနေစရာတောင်မလိုတာ အမေဘာကြောင့် အပင်ပန်းခံမေးနေတာပါလိမ့်။ အမေဟာ ကျွန်တော့်ကို သူ့သားလိုသဘောထားတာ ကျွန်တော်အသိဆုံးမဟုတ်လား။ အခုချိန်ထိ အမေ နဲ့ အဖေရဲ့ ပါးစပ်ကနေ ငါ့သား ၊ ငါ့သား ဆိုတာသာကြားဖူး၏။ တစ်ခါတစ်လေတောင် မျက်နှာ ညှိုးစရာမလိုအောင်ထားခဲ့တာချည်းဖြစ်၏။

ကျွန်တော့်မှာ ငြင်းဆန်ဖို့တောင် အင်အားမရှိတာ အမှန်ပါ။

"အမေတို့ သဘောအတိုင်းပါ၊ ကျွန်တော်ငြင်းစရာမရှိဘူး အမေ၊ အမေတို့ အဆင်ပြေသလို..."

"တော်သေးတာပေါ့ ၊ အမေတို့က သားလက်ခံချင်ပါ့မလားလို့ တွေးပူနေတာ။ သားဆန္ဒမပါရင် အမေတို့က မစီစဉ်ပါဘူးသားရယ်"

ဒါနဲ့ များ သားကို မမေးဘဲ ဘာကြောင့်များ စကားတွေလွန်ထားကြပါလိမ့်ဗျာ။ အခုတော့ သားမှာ ငိုချင်တာတောင်ခတ်နေပေါ့။

"ကိုကို အေးချမ်းက ကိုကို့ကိုသဘောမကျမှာတော့ မပူနဲ့နော်သိလား။ အဲ့ကောင်မအကြောင်းညီမလေးသိတယ်။ ပြီးတော့လေ ညီမလေးက အေးချမ်းကို ယောင်းမ တော်ချင်နေတာ ကိုကိုရဲ့"

ဘေးကညီမလေးဖြစ်သူ သင်းမြတ်မောင်၏ စကားကြောင့် စိတ်မပါဘဲပြုံးမိပြန်သည်။

"ကိုကို့ ညီမလေးက အေးချမ်းပြည့်ကိုမှ ယောင်းမတော်ချင်တာ သေချာပြီလား"

"သေချာပြီပေါ့ ကိုကိုရ၊ ငါ့ကိုကိုက အချောလေးလေ၊ ပြီးတော့ ဘွဲ့ရ၊ နောက်ပြီး ပစ္စည်းဥစ္စာကလည်း ရှိတယ်။ အဲ့တော့ အေးချမ်း နဲ့ဆို ပိုပြီးလိုက်ဖက်တာပေါ့။ အေးချမ်းကလည်း ကိုကိုနဲ့ဆို ပိုပြီးတင့်တယ်တယ်လေ"

"အေးချမ်းရဲ့ သဘောထားကို နားထောင်ကြည့်ကြတာပေါ့"

မောင်နှမနှစ်ယောက်ပြောနေတာကို မိဘတွေခင်မျာ ပြုံးပြီးသာကြည့်နေ၏။

ဒီမိသားစုလေးက သိပ်ကိုပျော်စရာကောင်းတာမို့ ပိုပြီးပျော်စရာကောင်းတာတွေပဲ ဖြစ်စေချင်တာ မိဘများ၏ အတ္တဖြစ်၏။ ဒါကိုလည်း စည်သူမောင်နားလည်သည်။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now