Part 14

571 47 4
                                    

မကြားချင်ယောင်ဆောင်သောကြယ်

အခန်း ၁၄

"အကို "

"အင်း"

အိမ်အောက်က တန်းလျားမှာ ထိုင်ရင်း အေးချမ်းပြည့်သည် စကားစလာ၏။

"စောစောကလူတွေက ဘယ်သူတွေလည်းဟင်"

"အိမ်ပြင်ဆောက်မလို့လေ၊ ကောင်းနေသေးပေမယ့် အိမ်ကအလုပ်တွေနဲ့ကျ အိမ်ကသေးနေတော့ ပစ္စည်းတွေပြည့်နေလို့"

"ဪ........"

အေးချမ်းပြည့်သည် စည်သူမောင်၏ စကားကို စိတ်ဝင်တစားနားထောင်နေပုံရသည်။ ထို့နောက်တွင်

" ဒါနဲ့ ညီမနဲ့ မင်္ဂလာကိစ္စလေ အဲ့ဒါ စိတ်ထဲကပါရဲ့လားဟင်"

အေးချမ်းပြည့်၏ အကြည့်သည် အခြားနေရာသို့ကြည့်နေ၏။ စည်သူမောင်သည် သူ့ဘေးတွင်ထိုင်နေသော ကလေးမ၏ ခေါင်းလေးအား အသာလေးထိလိုက်၏။

"ငါ့ညီမလေးက ဘယ်လိုထင်လို့လဲ"

"ဟို ......အကိုမျက်လုံးတွေက ညီမ ကလေးအရွယ်တုန်းကကြည့်သလို အကြည့်နဲ့မို့ပါ၊ အကြည့်တွေက တူတူပဲ၊ ကိုကြီးပြောသလို အစ်ကိုက မိသားစုကိုမလွန်ဆန်နိုင်လို့လားဟင်"

ဒီကောင်ထက်အောင်ကတော့ ကလေးကို လုပ်လိုက်ပြန်ပြီ။

"ညာ ပြီးပြောရရင်တော့ ကိုယ့်သဘောနဲ့ ကိုယ်ပါ၊ မညာပဲပြောရရင်တော့ လွန်ဆန်ဖို့အားနာလို့"

စည်သူမောင်သည် ဘေးက ကောင်မလေးအားကြည့်လိုက်၏။ ဆံပင်ရှည်ရှည်လေးအောက်က မျက်လုံးလေးတွေက သူ့အစ်ကိုနဲ့ဆင်၏။ တစ်ချိန်တည်းမှာပဲ ထိုမျက်လုံးတွင် အားငယ်သွားသောအရိပ်အယောင်အားတွေ့ရပြန်သည်။

"စိတ်မကောင်းဖြစ်သွားလား "

"ဟင့်အင်း၊ အကိုဘယ်လိုကြောင့်ပဲ လက်ခံပါစေ၊ ညီမကို လက်ထပ်မှာပဲမို့လား၊ အဲ့လောက်ဆိုရပြီ။ စေ့စပ်ပွဲကို ဘယ်နေ့လောက်လုပ်ချင်လဲ အကို"

"ဘာလို့ အကို့ကို လာမေးနေတာလဲ ငါ့ညီမလေးရယ်၊ အကို က အစကတည်းက အဆင်ပြေသလိုလုပ်ပါလို့ပြောပြီးသားပဲလေ၊ "

ဒါဟာ အကိုလုံးဝ စိတ်မဝင်စားဘူးလို့ဆိုလိုတာမဟုတ်လား၊ ချမ်း ဟာ ဒီစကားလောက်ကိုတော့ သိပါ၏။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedTempat cerita menjadi hidup. Temukan sekarang