Part 28

498 36 6
                                    

အပိုင်း၂၈

"အချစ် မောင်နဲ့လာအိပ်ပါ့လားဟင်၊ ဆောင်းတွင်းရောက်တော့မှာဆိုတော့လေ"

"အရင်နေ့ကတည်းကပြောချင်နေတာ၊ မိုးရာသီရောက်တာလေ ဘာလို့ဆောင်းကိုဇွတ် လွှဲချနေတာလဲ"

ထက်အောင်ပြည့်သည် မြေကြီးပေါ်တွင်ရှိနေသော အုတ်ခဲအကျိုးလေးအား ကန်နေသည်။ အမြင်မတော်သော စည်သူမောင်သည် အုတ်နီခဲအား ခပ်ဝေးဝေးသို့ ပစ်လိုက်သည်။

"ဘာလုပ်တာလဲ"

"မျက်လုံးနောက်လို့၊ ပြော မိုးရာသီကို ဘာလို့ ဇွတ်ကျော်ပစ်နေတာလဲ"

"အာ မသိဘူးကွာ၊ မောင်နဲ့လာအိပ်နော်။ မောင် တစ်ယောက်တည်းမအိပ်ချင်ဘူး"

"ငါ့ဆီလာအိပ်လေ"

မအိပ်ချင်ပါ။ အမှတ်တရတွေများသော မိမိအခန်းမှာသာ အိပ်ချင်၏။

"မောင့်အခန်းမှာက ငယ်ငယ်ကတည်းကအမှတ်တရတွေရှိတယ်လေ အချစ်ရဲ့၊ မတူဘူးလေကွာ"

"ငါစဉ်းစားအုံးမယ်"

"အချစ်ကကွာ..."

အိမ်ရှေ့ကသရက်ပင်အောက်တွင် တီတီတာတာလုပ်နေသော နှစ်ယောက်အား အေးချမ်းပြည့်သည် ထိုင်ကာကြည့်နေမိသည်။

....သူတို့ အဲ့လောက်တောင်ချစ်ကြသလား။ အကို့ မျက်လုံးထဲ ငါ့တို့ ကိုကြီးက သိပ်ကိုချစ်စရာကောင်းနေတာလား။ ဒီလိုဒေါသအိုးက သူ့ရင်ကိုလှုပ်အောင်လုပ်နိုင်သတဲ့လား..........

'လား' ပေါင်းများစွာဖြင့် မတင်မကျဖြစ်နေသည်။

"ချမ်း"

"အင်း"

အေးချမ်းပြည့်သည် သင်းမြတ်မောင်အား ဖာသိဖာသာနေတာကြာပြီဖြစ်သည်။

"ငါ့ကိုစိတ်ဆိုးနေလား"

"အင်း၊ သိတာကြာပြီလား"

သင်းမြတ်မောင်သည် အေးချမ်းပြည့်၏ ပုခုံးလေးအား အသာလေးထိကိုင်လိုက်သည်။

"သိပ်တော့မကြာသေးပါဘူး"

"ဘာလို့ ငါ့ကိုပြောမပြဘဲ နေခဲ့တာလဲ၊ ကွယ်ရာမှာ ငါ့ကို လှောင်..."

အေးချမ်းပြည့်၏စကားမဆုံးခင် သင်းမြတ်မောင်က တားလိုက်သည်။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now