အပိုင်း၃၃
"လူတွေကပြောင်းလဲတတ်တယ်ကွ"
စည်သူမောင်ကပြောတော့ ချစ်မင်းကရယ်သည်။
"ဘာလို့တုန်းကွ၊မင်းကဘာတွေကြုံတွေ့နေရလို့လဲ"
"ငါ့ယောက်ျားကိုပဲကြည့်လေ တစ်ချိန်က ကပ်စေးနဲလို့ဆိုပြီး ငါ့ကိုမင်းတို့ပြောကြတယ်လေ။ တကယ်တော့ကပ်စေးနဲတာငါမဟုတ်ဘူး။ ဟိုခွေးကောင်"
"ဟ ဆော်လှချည်လား။ ပြောစမ်းပါဦးဘာဖြစ်လို့လဲ"
"အိမ်ထောင်ကျတာနဲ့ကို သူ့အလိုလိုပြောင်းလဲတာ။ အရင်ကလို ဘန်းဘန်းမဟုတ်တော့ဘူး။ အရင်က စပ်စလူးက အခုတည်တည်ငြိမ်ငြိမ်နဲ့"
"အဲဒီတော့ မင်းဝမ်းသာရမှာမဟုတ်ဘူးလား။အရင်ကမင်းဖြစ်စေချင်တဲ့ပုံစံမျိုး"
ချစ်မင်းစကားကို ကြားတော့ ခန့်သူက ရယ်သည်။ ထို့နောက်တွင် ခန့်သူသည် ခေါင်ရည်တစ်ခွက်အားမော့သောက်လိုက်ရင်း
"အာ စည်းစနစ်ကြီးတယ် မကြီးဘူး၊ ငါအရိုက်ခံရတာသာကြည့် ။ ၃ချက်နဲ့ကို အီသွားတာပဲ။ ပြန်လည်းမပြောရဲဘူး စိတ်တိုနေတာသိတော့"
"မင်းကလည်း မင်းပဲလေ စည်သူ့ကိုမှ ခေါ်ရတယ်လို့"
"အောင်မာ ရဲနိုင်ရာ မင်းဘာသိလဲ။ ငါကခေါ်တာလား စည်သူကခေါ်တာလားမေးကြည့်"
"ဟုတ်တယ် ငါကခေါ်တာ။ အခုတလောကွာ အိမ်ထောင်ကျပြီးမှ ငါချည်းအဆူခံနေရတယ်။ တကယ်လည်း သူပြောတာအကုန်မှန်တယ်ဗျာ"
"အဲဒီတော့အခု မင်းကအိမ်မှာ ကလေးကြီးဖြစ်နေတယ်ပေါ့"
"အေး သူကအုပ်ထိန်းသူပဲ"
ပြောရင်းဆိုရင်းပင် စည်သူမောင်သည် နာရီအားငုံ့ကြည့်လိုက်သည်။
"အယ် ငါသေတော့မယ်၊ သူ့ကိုငါ နာရီဝက်လို့ပြောခဲ့တာ အခုတစ်နာရီရှိပြီ"
ကမန်းကတမ်းဖြင့်ချွတ်ထားသောဖိနပ်တွေကိုကောက်စီးသည်။ထို့နောက်တွင်ဆိုင်ကယ်ပေါ်ရောက်သွားကာမောင်းထွက်သွားသည်။
......................................
"မောင်"
"ဘယ်အချိန်ရှိပြီတုန်း။ မောင်ကစောင့်နေတာ"
ESTÁS LEYENDO
မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)Completed