အခန်း၁၈
"ချမ်း နင်လေ ကိုကို့ ကိုလက်ထပ်ဖို့ တကယ်ဆုံးဖြတ်ပြီးပြီလား"
သင်းမြတ်မောင်သည် အေးချမ်းပြည့်အား ကြည့်မနေဘဲမေးလိုက်သည်။
"အင်း ၊ ဆုံးဖြတ်ပြီးပြီ"
"ဟို ... ကိုကိုက သူ့အချစ်ဦးကိုပဲ ချစ်တယ်ဆိုရင်တောင်မှလား"
ဒီစကားတွေကို အေးချမ်းပြည့်မကြိုက်ပါ။ တကယ်ဆို သူငယ်ချင်းဖြစ်သူသည် ပြီးခဲ့တဲ့ရက်တွေတုန်းကထိ မိမိနှင့် သူ့အစ်ကိုဖြစ်သူကို လိုလိုလားလားသဘောတူနေတဲ့သူမဟုတ်လား။
"ဘာလို့လဲ မြတ်၊ ဘာလဲ အကို့အချစ်ဦးကို နင်ကသနားနေတာလား။ ဒါမှမဟုတ် အကို့ကိုသနားတာလား။ အကယ်၍ အချစ်ဦးဆိုတဲ့သူကသာ သူ့ကိုတကယ်ချစ်ရင် သူတို့ဘာကြောင့်ကွဲသွားကြတာလဲ။ ကိုယ့်လက်ထဲမှာရှိနေတုန်းကတော့ တန်ဖိုးမထားဘဲနဲ့ ငါ့လက်ထဲရောက်မှ သူက တန်ဖိုးကိုသိလာတာလား။"
"နင်ထင်သလိုမဟုတ်ဘဲ အစကတည်းက တစ်ယောက်နဲ့တစ်ယောက်ဖွင့်မပြောဖြစ်ကြတာဆိုရင်ရော"
"မြတ်က ဘာကြောင့်များ ဒီစကားပြောရတာလဲ။ ဘာလဲ မြတ်ဘက်က တစ်ခုခုသိထားလို့လား"
သင်းမြတ်မောင်သည် ရေနွေးပန်းကန်လုံးသေးသေးလေးထဲသို့ ရေနွေးငှဲ့ထည့်၏။
"မဟုတ်ဘူးလေ ချမ်းရယ်၊ ကိုကို့မှာရည်းစားရှိတယ်လို့ တစ်ခါမှမကြားဖူးတော့ တွေးကြည့်တာပါ"
"မြတ် နင်ငါ့အကြောင်းတော့ သိမှာပါ။ ငါ့ဘက်က အကို့ကို လွယ်လွယ်နဲ့သဘောကျခဲ့တာမဟုတ်ဘူး။ အဲဒီတော့မြတ်ရယ် ဒို့ရဲ့စိတ်ကို ညစ်စေမဲ့ စကားတွေကို မြတ် ဘက်က သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ မပြောစေချင်ဘူး"
သင်းမြတ်မောင်သည် အထိမခံဖြစ်နေသော သူငယ်ချင်းဖြစ်သူကြောင့် ဘာမှ ဆက်မပြောဖြစ်တော့ပေ။ အချိန်တန်ရင်တော့ အဖြေတစ်ခုကပေါ်သွားမှာမို့ အဖြေဖော်ထုတ်မည့်သူကိုသားစောင့်ရုံသာရှိတော့သည်။
..........Y..........
"အချစ် သရက်သီးစားမလား"
ဒီကောင်ဟာလေ သရက်သီးအမှည့်မစားဘူးဆိုတာလည်း သူသိတယ်၊ ဒါပေမဲ့ သူသရက်သီးစားတိုင်း အဆဲခံပြီးကိုကျွေးနေတော့တာ။
ESTÁS LEYENDO
မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)Completed