Part 19

506 40 0
                                    

မကြားချင်ယောင်ဆောင်သောကြယ်

အပိုင်း ၁၉

"အဖေ နောက်တစ်ပတ်လောက်နေရင် သရက်သီးတွေမူဆယ်ပို့မယ်ဆို"

စည်သူမောင်သည် ထမင်းစားဝိုင်းတွင်မေးလိုက်သည်။

"ဘယ်ကသာ နောက်၃ရက်ဆိုပို့ရတော့မှာ။ နေပါအုံး ငါ့သားက သရက်ခြံကိုစိတ်ဝင်စားသွားတာလား"

အဖေဖြစ်သူသည် သားဖြစ်သူအား ရယ်ကြဲကြဲနှင့်မေးသည်။ သို့သော် စည်သူမောင်သည် သရက်ခြံကို အခုထိစိတ်မဝင်စားသေးပါ။

"အဲလိုတော့လည်းမဟုတ်ပါဘူး အဖေရ၊ သားရောလိုက်သွားရမှာလားလို့"

"အဲ လိုက်လို့ရမယ်မထင်ဘူးသားရ အိမ်ကလည်းဆောက်နေတော့ လိုတာရှိရင် သားကပဲ ဝယ်ပေးရမှာမို့ ထက်အောင်ပြည့်တို့နဲ့ပဲ တင်ပေးလိုက်တော့မလို့"

"ဪ"

အဖေပြောတာလည်း ဖြစ်သင့်သည်။ အိမ်မှာက မိမိမရှိလို့မဖြစ်ပါ။ ဆိုတော့ ထက်အောင်စိတ်မကောင်းဖြစ်နေတော့မှာပေါ့။ ကိုယ်တိုင်လည်းဘာမှ မတက်နိုင်ပြန်ပါ။

"သား အလုပ်တွေရောအဆင်ပြေရဲ့လား"

"ပြေပါတယ် နောက်တစ်ပတ်ကျရင် ဝိုင်းမြေအသစ်ထပ်ဝယ်မလို့ နေရာကောင်းကောင်းလေးရှာတွေ့ထားတယ်"

"မိန်းမရတော့မှာမို့များ ပိုကြိုးစားနေတာလားကွ ဟမ်"

အဖေက ကျွန်တော့်ပုံစံကိုကြည့်ပြီး သဘောကျနေပုံပေါ်သည်။ အကယ်၍များ ကျွန်တော်ဟာ မိန်းမ မယူဘူးဆိုရင် အဖေဒီလိုပျော်နိုင်ပါ့အုံးမလား။ သားက အဖေ့အတွက် အရှက်ရစရာများဖြစ်သွားမှာလား။

"ဟို ... အဲလိုမဟုတ်ဘူး အဖေ၊ သားက မိန်းမယူဖို့ကိစ္စကို ခေါင်းထဲသိပ်မရှိ..........."

"အကိုတို့က စားနေပြီလား"

စကားပင်ပြော၍မပြီးသေးပါ။ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ အေးချမ်းပြည့်ကြောင့် စကားက ပြတ်သွား၏။

စည်သူမောင်သည် နှုတ်ဆက်သူကို ပြန်ပြီးမနှုတ်ဆက်မိ။ ထမင်းကိုသာ ငုံ့စားနေမိသည်။ ထမင်းစားချိန်ဆိုလျှင်တော့ စည်သူတို့မောင်နှမသည် ဒီဘက်အိမ်ကို ပြန်စားတက်တာမို့ တစ်ခါတလေ အေးချမ်းပြည့်က သူတို့အိမ်ကဟင်းများ လာပို့ပေးတက်ကာ စည်သူမောင့်အတွက် ထမင်းစားရင်းတောင် စိတ်အနှောင့်အယှက်ဖြစ်ရ၏။ အကြောင်းမှာ အေးချမ်းပြည့်လာတိုင်း အိမ်က အဖေနှင့် အမေသည် လက်ထပ်ပြီးရင်.................ဟူသော အစချီစကားများပြောသောကြောင့်ပင်။ ဒါတင်မကပါ။ အေးချမ်းပြည့်တို့အိမ်က လူကြီးများသည်လည်း ထိုသို့ပင်။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedDonde viven las historias. Descúbrelo ahora