အပိုင်း၂၅
"မောင် တောင်းပန်ပါတယ်ကွာ၊ မောင်က အဲဒီကောင်တွေကို ကြွားချင်လို့"
စည်သူမောင်သည် ထက်အောင်ပြည့်အား ဘာမှမပြောဘဲစိုက်သာကြည့်လိုက်တော့သည်။
"..."
"အချစ်ရာ မောင်ကလေ ငါ့ချစ်သူက ငါ့ကိုဒီလိုချစ်တာဆိုပြီးကြွားချင်တာလေ၊ အချစ်လည်းသိနေတာပဲ ဒီကောင်တွေက ဆစ်ပျော်ကောင်တွေလေ"
"ဘာလဲ ဆစ်ပျော်က"
"ဆော်ပစ်လေ အချစ်ရဲ့"
စည်သူမောင်သည် ဘယ်နှကြိမ်မြောက်မှန်းမသိအောင် သက်ပြင်းချမိတော့သည်။ ကလေးကုလားနိုင်လိုက်လေခြင်းဆိုပြီးလည်း အပြစ်မတင်ချင်ပါ။ တွေးကြည့်တော့ မောင်ဟာ ကျွန်တော်နဲ့ပတ်သက်ပြီးအခုမှသာ ပြောရဲဆိုရဲတာမဟုတ်လား။ ဒါပေမယ့် ကြွားချင်တာနဲ့ပဲ ဒီလောက်တောင် ကမြင်းကြောထရသလားလေ။ တော်တော်ကို မြှာပွေတဲ့အကောင်။
"မင်း ... မင်းက ကလေးလား"
"အချစ်ကလည်း မောင်က ကလေးတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ..."
"တော်တော် ဟေ့ကောင်။ မင်းရဲ့အကြောင်းပြချက်တွေနားထောင်ရင် ငါသွေးတိုးတယ်"
"အချစ်ရာ မောင်က ချစ်လို့ပါ။ ဒါတော့ယုံနော်"
လက်ကလေးတစ်ဖက်ကိုကိုင်ကာပြောလာတော့လည်း စည်သူမောင်အရည်ပျော်ရပြန်သည်။ မင်းကတော့ ဘာရယ်မဟုတ်တဲ့အပြုအမူ၊ ငါကတော့ အရည်တွေပျော်လို့။ မင်း......မင်းငါ့ကိုခြွေပြန်ပြီ ဘန်းဘန်းရာ။
"အင်း"
"မောင့် အချစ်လေးက လိမ္မာလိုက်တာ။ မောင့်ကို စာရင်းတွေကူစစ်နော်။ အချစ်တို့ခြံထဲက အသီးရော၊ မောင်တို့ခြံထဲကအသီးရော ပို့တာမို့ စာရင်းများနေလို့"
"ဟုတ်ပြီ။ ငါမောင့်အတွက် ကော်ဖီဖျော်ခဲ့မယ်၊ မောင်အခန်းထဲကစောင့်နေ"
"ဟုတ်ပါပြီဗျာ"
ထက်အောင်ပြည့် အခန်းထဲဝင်သွားတာနှင့် မီးဖိုဆောင်ထဲကိုဝင်လာခဲ့သည်။ ကော်ဖီခွက်ကိုရှာသော်လည်း သူများအိမ်မို့ ဘယ်နားမှန်းမသိပြန်ပါ။
JE LEEST
မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)Completed